မိုးနှောင်းကာလ ယေဘုယျ မြစ်ရေအခြေအနေခန့်မှန်းချက်

မင်္ဂလာနံနက်ခင်းပါ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၈.၈.၂၀၂၁) ရက်နေ့တွင် ၂၀၂၁ခုနှစ်၊ မိုးနှောင်းကာလ ယေဘုယျ မြစ်ရေအခြေအနေခန့်မှန်းချက် ကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်......

မိုးနှောင်းကာလ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၊ ကသာမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့တို့တွင် (၁)ကြိမ်ခန့်စီနှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။