ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် လွှင့်အားနိမ့်တာတိုလွှင့်ဖမ်းစက် (Short Range Device) များအတွက် နည်းပညာဆိုင်ရာ သတ်မှတ်ချက်များ နှင့်စပ်လျဉ်း၍ နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများရှိ သတ်မှတ်ချက်များကို လေ့လာအခြေခံ၍ ထုတ်ပြန်ထားပြီးဖြစ်ပါသည်။ ပြောင်းလဲလာသည့် ဆက်သွယ်ရေးနည်းပညာများနှင့် ကိုက်ညီစေရန်အတွက် ပြန်လည်ပြင်ဆင်ထားသည့် ဖော်ပြပါလှိုင်းနှုန်းအသီးသီးနှင့် ယှဉ်တွဲဖော်ပြထားသော နည်းပညာဆိုင်ရာအချက်အလက်များအပေါ် သဘောထားမှတ်ချက်ပေးပို့ရန်ရှိပါက [email protected] သို့ (၅.၁၁.၂၀၂၁) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ပေးပါရန် ကြေညာအပ်ပါသည်။
အောက်ဖော်ပြပါ link တွင် download ရယူနိုင်ပါသည်။
SRD Website Letter.pdf
(129.58 KB)