မြေငလျင်သတင်း

(မြန်မာစံတော်ချိန်၂:၁၀ နာရီ အချိန်ထုတ်ပြန်ချက်)

 ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ(၂၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ (၄၁)မိနစ် (၃၄) စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၁၄၃၄)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Taiwan)၊ မြောက်လတ္တီတွဒ် (၂၄.၄၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၂၁.၈၄) ဒီဂရီ၊ အနက် (၅၄)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၂)အဆင့်ရှိ အင်အား ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။