မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၂၄း၀၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၅၁)မိနစ်၊ (၂၃)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အ‌ရှေ့-အရှေ့တောင်ဘက် (၂၃)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဖောင်းပြင်မြို့၏ အနောက်တောင်ဘက် (၁၃)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၁၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၇)ဒီဂရီ၊ အနက် (၇၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။