ရေနည်းမည့် အခြေအနေသတင်း

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၂၀.၂.၂၀၂၂) ရက်နေ့တွင် ရေနည်းမည့်အခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်.....

ဧရာဝတီမြစ်ရေသည်ယနေ့မြန်မာစံတော်ချိန်(၁၂:၃၀)နာရီအချိန်တိုင်းထွာချက်အရ မန္တလေးမြို့တွင်(၂၅၅) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယ(၁၀)ရက်ပတ်အတွင်း လက်ရှိရေမှတ်အောက် ပေဝက်ခန့်ကျဆင်းနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၃၆၀) စင်တီမီတာအောက်တွင် ဆက်လက်တည် ရှိနိုင်ပါသည်။