(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) စနစ် နှင့် ကြိုးမဲ့စနစ်သုံး (Fixed Wireless) တယ်လီဖုန်းများဖြင့် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။
နယ်မြေ | အိတ်ချိန်း | Migration စတင်ပြုလုပ် မည့် ရက်စွဲ | လက်ရှိအသုံးပြု နေသော ဖုန်းနံပါတ် | အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ် |
---|---|---|---|---|
ကချင်ပြည်နယ် | ပင်းဘော အိတ်ချိန်း | ၂၉-၈-၂၀၂၂ | ၀၇၄-၆၆xxx | ၀၇၄-၄၇၆၆xxx |
ရန်ကုန်တိုင်းဒေသကြီး | ကော့မှူး အိတ်ချိန်း | ၁-၉-၂၀၂၂ | ၀၁-၂၆၄xxx | ၀၁-၈၂၆၄xxx |
ရခိုင်ပြည်နယ် | ဘူးသီးတောင် အိတ်ချိန်း | ၅-၉-၂၀၂၂ | ၀၄၃-၅၃xxx | ၀၄၃-၄၇၅၃xxx |
ရှမ်းပြည်နယ် (မြောက်ပိုင်း) | ကွမ်းလုံ အိတ်ချိန်း | ၅-၉-၂၀၂၂ | ၀၈၂-၇၀xxx | ၀၈၂-၄၆၇၀xxx |
နမ့်ဆန် အိတ်ချိန်း | ၉-၉-၂၀၂၂ | ၀၈၂-၈၉xxx | ၀၈၂-၄၆၈၉xxx |
နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။