Cyber Security Fundamentals နှင့် Data Analytics and Power BI သင်တန်းများ၏ သင်တန်းဖွင့်ပွဲအခမ်းအနား

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Cyber Security Fundamentals (၀၅၀၈/၀၁/၂၄-၂၅) သင်တန်းနှင့် Data Analytics and Power BI (၀၁၀၆/၀၁/၂၄-၂၅) သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို မေလ (၆) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမိုးကျော်စိုး၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးနှင့် ဌာနတာဝန်ခံများ၊ ဆရာ/ ဆရာမများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၅၈ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   ရှေးဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ဒီကနေ့ဖွင့်လှစ်ခဲ့သည့် Cyber Security Fundamentals သင်တန်းသည် ဆိုက်ဘာလုံခြုံရေး နည်းပညာများ၏ အခြေခံသဘောတရားများ၊ ဆိုက်ဘာခြိမ်းခြောက်မှုနှင့် တိုက်ခိုက်မှု နည်းပညာများ၊ ဌာန/အဖွဲ့ အစည်း၏ Infrastructure/ Network/ Data များကို ကာကွယ်သည့် နည်းပညာများ၊ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်များ၊ ဆိုက်ဘာတိုက်ခိုက်ရာတွင် အသုံးပြုသည့် Tools များနှင့် ကာကွယ်သည့် Tools များ၊ Security Operation Center (SOC) အဓိက လုပ်ငန်းတာဝန်များကို သိရှိနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ပြီး Data Analytics and Power BI သင်တန်းသည် ဒေတာခွဲခြမ်းစိတ်ဖြာမှု၏ အရေးပါမှုနှင့် အသုံးချမှုများကိုနားလည်ပြီး ဒေတာခွဲခြမ်းစိတ်ဖြာမှု သဘောတရားများ၊ နည်းပညာများကိုသိရှိ နိုင်ရန်နှင့် Power BI Tool ကို အသုံးပြု၍ ဒေတာခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ကာ ကောင်းမွန် တိကျမှုရှိသည့် အချက်အလက်များကို စနစ်တကျ  Visualization ဖန်တီးနိုင်ရန်၊   ရှုပ်ထွေးများပြားသော‌ ဒေတာများကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်လေ့လာပြီး လုပ်ငန်းအတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်များ၊ Business Plan များ ရေးဆွဲနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။