Myanmar Cyber Security Challenge ပြိုင်ပွဲ(၂၀၂၂) ကို စက်တင်ဘာလတွင် နေပြည်တော်၌ ကျင်းပမည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် Myanmar Cyber Security Challenge ပြိုင်ပွဲ(၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် နေပြည်တော်ရှိ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနအဆောက်အဦ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများသည် ပြိုင်ပွဲဝင်လျှောက်လွှာကို အောက်ပါ Link တွင် Download လုပ်ယူနိုင်ပါသည်။

https://mmcert.org.mm/RegistrationForm2022.pdf

ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာစေရန်နှင့် လူငယ်များ ဆိုက်ဘာလုံခြုံရေးနယ်ပယ်ကို စိတ်ဝင်စားမှုမြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

Myanmar Cyber Security Challenge ပြိုင်ပွဲတွင် ဆုရရှိသူများကို စင်္ကာပူနိုင်ငံတွင် ကျင်းပသော “Singapore Cyber Conquest” ပြိုင်ပွဲ၊ ဩစတြေးလျနိုင်ငံတွင် ကျင်းပသော “ACSC CTF” ပြိုင်ပွဲ၊ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သော “ASEAN Cyber SEA Game” ပြိုင်ပွဲနှင့် ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်သော “ASEAN Students Contest on Information Security” ပြိုင်ပွဲအသီးသီးသို့ စေလွှတ်ယှဉ်ပြိုင်စေခဲ့ပါသည်။

ပြိုင်ပွဲဝင်လျှောက်လွှာများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ထက် နောက်မကျစေဘဲ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၊ ဇမ္ဗူကျက်သရေလမ်း၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်သို့ လူကိုယ်တိုင်လာရောက်ပေးပို့၍ဖြစ်စေ၊ [email protected] သို့ အီးမေးလ်ဖြင့်ဖြစ်စေ ပေးပို့နိုင်ပြီး ပြိုင်ပွဲအကြောင်း အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် – ၀၆၇-၃၄၂၂၂၇၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ပြိုင်ပွဲကျင်းပရေး ကော်မတီ