ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (အထူး) လျှောက်ထားခြင်း

လိုင်စင်လျှောက်ထားရာတွင် တင်ပြရမည့် အချက်များ

လျှောက်ထားလိုသူများသည် အောက်ပါစာရွက်စာတမ်းများနှင့်အတူ “ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂)၊ နေပြည်တော်” သို့ လိပ်မူ၍ပေးပို့လျှောက်ထားနိုင်ပါသည်။

1 Company Letter Head ဖြင့် လျှောက်လွှာ
2 Application Form Network Facility Service (Individual) License 
3 Attachment (1) Additional Responses
4 Attachment (2) Company Registration Certificate
5 Attachment (3) Memorandum and Articles of Association
6 Attachment (4) Technical Plan
7 Attachment (5) Certificate of Paid up Capital ( သိန်း ၁၀၀၀ အထက်)
8 Attachment (6) Business Plan
9 Attachment (7) Financing Plan
10 Attachment (8) Audited Account

လိုင်စင်လျှောက်ထားမှုအတွက် ပေးသွင်းရမည့် အခကြေးငွေများ

လျှောက်လွှာကြေး -    ကျပ်သိန်း(၁၀၀)
ကနဦးလိုင်စင်ကြေး -    ကျပ်သိန်း(၅၀၀)
နှစ်စဉ်ကြေး -    သက်ဆိုင်သောဝင်ငွေ၏(၂%) (သို့မဟုတ်) ကျပ်သိန်း(၆၀)တို့အနက်မှ များရာကို ပေးဆောင်ရမည်။
ထပ်တိုးဝန်ဆောင်မှုအတွက်
ပေးသွင်းရမည့်အခကြေးငွေ
-    ကျပ်သိန်း(၅၀)