ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ

  • ဘေးအန္တရာယ်ရှိ သင်္ဘောသုတ်ဆေးစနစ်များအား ထိန်းချုပ်ခြင်းဆိုင်ရာ ညွှန်ကြားချက် ကို ၂၀-၇-၂၀၂၃ ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့ပါ သည်။
  • သင်္ဘောဟန်ချက်ထိန်းရေနှင့် အနည်အနှစ်များအား စီမံခန့်ခွဲခြင်းနှင့် ထိန်းချုပ်ခြင်း ဆိုင်ရာ ညွှန်ကြားချက်ကို ၂-၁၁-၂၀၂၃ ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့ ပါသည်။
  • သင်္ဘောမောင်းဆီကြောင့်ညစ်ညမ်းပျက်စီးခြင်းဆိုင်ရာ ညွှန်ကြားချက်ကို ၂၆-၁၂-၂၀၂၃ ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၃/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့ပါသည်။
  • ပုဂ္ဂလိကပိုင် ကမ်းရိုးတန်းသွားရေယာဉ် (၅)စင်းကို ရေယာဉ်မှတ်ပုံတင်လက်မှတ်ထုတ် ပေးခြင်း၊
  • ပုဂ္ဂလိကပိုင်ပြည်တွင်းရေကြောင်းသွားကုန်တင်ရေယာဉ်(၁၈)စီး၊ ခရီးသည်တင်ရေယာဉ် (၃)စီး၊ တွဲတွန်း/တွဲဆွဲ ရေယာဉ်(၁၂)စီး၊ စက်မဲ့ကုန်တင် (၆)စီး၊ စက်မဲ့ဆီတင်(၃)စီး၊ မြင်း(၂၀)အထက်ရေယာဉ်(၄၅)စီး၊ စုစုပေါင်း (၈၇)စီးတို့ကို စစ်ဆေး၍ မှတ်ပုံတင် ထုတ်ပေးခြင်း၊
  • ပုဂ္ဂလိကပိုင် ပြည်တွင်းရေကြောင်းသွား ကုန်တင်ရေယာဉ်   (၁၅)စီး၊ တွဲတွန်း/တွဲဆွဲ ရေယာဉ် (၂၁)စီး၊ ခရီးသည်တင်ရေယာဉ် (၄)စီး၊ စက်မဲ့ကုန်တင် ရေယာဉ် (၆)စီး၊ စက်မဲ့ဆီတင်ရေယာဉ် (၃)စီး၊ မြင်း(၂၀)အထက်ရေယာဉ် (၄၇)စီး၊ မြင်း(၂၀) အောက် (၂)စီး၊ စုစုပေါင်း (၉၀)စီးတို့ကို လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း၊
  • ကမ်းရိုးတန်းသွား ဆီတင် (သံခွံ) (၈)စီး၊ ကုန်တင် (သံခွံ) (၂၆)စီး၊ ကုန်တင်(သစ်သားခွံ) (၆)စီး၊ ငါးဖမ်း(သံခွံ) (၃၄)စီး၊ ငါးဖမ်း(သစ်သားခွံ) (၂၇၄)စီး၊ ခရီးသည်တင် (၄)စီး  စုစုပေါင်းရေယာဉ် (၃၅၂)စီးကို LSA လက်မှတ်ပေးခြင်း၊
  • ကမ်းရိုးတန်းသွား ကုန်တင်(သံခွံ) (၁၃)စီး၊ ဆီတင် (သံခွံ)  (၁)စီးကို Radio လက်မှတ် ထုတ်ပေးခြင်း၊
  • ကမ်းရိုးတန်းသွား ကုန်တင်(သံခွံ) (၈၀)စီး၊ ကုန်တင်(သစ်သားခွံ) (၂)စီး၊ ငါးဖမ်း(သံခွံ) (၆၉)စီး၊ ငါးဖမ်း(သစ်သားခွံ) (၁၃၉)စီး စုစုပေါင်း ရေယာဉ် (၂၉၀)စီးကို Outward Clearward ထုတ်ပေးခြင်း၊
  • ပြည်တွင်းရေကြောင်းသွားရေယာဉ်များတွင် တာဝန်ထမ်းဆောင်ရန် (၈၆)ဦး၊ ကမ်းရိုး တန်းသွား ရေယာဉ်များတွင် တာဝန်ထမ်းဆောင်ရန် (၁၆၃)ဦး၊   စုစုပေါင်း (၂၄၉)ဦးကို လုပ်သက်မှတ်တမ်းစာအုပ်ထုတ်ပေးခြင်း၊
  • အထက်မြန်မာပြည်ရှိ နယ်ရုံးခွဲများတွင် မြစ်တွင်းသွား သင်္ဘောသား အခြေခံသင်တန်း (၃၂)ဦး၊ စက်မြင်းအား (၂၀)အထက် ရေယာဉ်အုပ် (၁၂)ဦး၊ စက်ခန်းအုပ် (၁၂)ဦးတို့ကို သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းနှင့်ရေယာဉ်ကြီးရေယာဉ်အုပ်(၁၁)ဦးအား သက်တမ်း တိုးပေးခြင်း၊
  • သင်္ဘောအရာရှိနှင့် သင်္ဘောသားများအထွက် (၅၆၂)ဦး နှင့် အဝင်(၄၅၃)ဦး Testimonial Form ထုတ်ပေးခြင်း၊
  • Able  Seafarer  Deck  (II/5)  သင်တန်းသို့ တက်ရောက်ရန်   သင်္ဘောသား (၅၉)ဦး၊ Rating Forming Part of a Navigational  Watch (II/4) သင်တန်းသို့ တက်ရောက်ရန် သင်္ဘောသား (၈၉)ဦးနှင့် Efficient Deck Hand (EDH) သင်တန်းသို့ တက်ရောက်ရန် သင်္ဘောသား (၉၂)ဦး တို့အား ပင်လယ်ပြင်လုပ်သက် စစ်ဆေးပေးခြင်း၊
  • မန္တလေးသင်္ဘောကျင်းတွင် အကြီးစားပြင်ဆင်မှု (၂)စီး၊ အသေးစားပြင်ဆင်မှု (၉)စီးကို ဆောင်ရွက်ပေးခြင်း၊

 

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အသိအမှတ်ပြုဆေးခန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

ဌာနအသိအမှတ်ပြု ဆေးခန်းများအား စစ်ဆေးခြင်း

ရေယာဉ်များအား စစ်ဆေးခြင်း

ရေယာဉ်များအား စစ်ဆေးခြင်း