Online Ticketing and Payment System အကောင်အထည်ဖော်ရေးတင်ဒါကော်မတီ (Expression of Interest -EOI) ခေါ်ယူခြင်း

Published: 22 Jul, 2024



Last Date :
Description :

၁။         ရထားလက်မှတ်များကို Online မှ ဝယ်ယူနိုင်သည့် Online Ticketing and Payment System ရေးဆွဲ တည်ဆောက်လုပ်ကိုင်ခြင်းလုပ်ငန်းအား ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူ Developer များကို တင်ဒါခေါ်ယူ၍  ရန်ကုန်-မန္တလေးလမ်းပိုင်း၊ ရန်ကုန်-ပြည်-ပုဂံလမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတို့တွင် ကနဦးလုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါသည်။

၂။         Online Ticketing and Payment System အား အကောင်အထည်ဖော်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံလုပ်ကိုင် လိုသူသည် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီဖြစ်စေ၊ နိုင်ငံခြားသားပိုင်ကုမ္ပဏီဖြစ်စေ၊ Joint Venture (သို့မဟုတ်) Consortium ဖွဲ့စည်း၍ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။

၃။         ဖော်ပြပါလုပ်ငန်းအတွက် တင်ဒါစိစစ်ရွေးချယ်မှုအား စိတ်ပါဝင်စားမှုဖော်ပြချက် (Express of Interest -EOI) အဆိုပြုလွှာတင်သွင်းခြင်း၊ EOI အောင်မြင်သူအား Request for Proposal (RFP) တင်သွင်းစေခြင်းဟူ၍ အဆင့် () ဆင့် ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသည့် ပြည်တွင်း/ ပြည်ပကုမ္ပဏီအဖွဲ့အစည်းများသို့ EOI အဆိုပြုလွှာများတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၄။         စိတ်ပါဝင်စားသော ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူများအနေဖြင့် EOI အဆိုပြုလွှာစာရွက်စာတမ်း (EOI Documents) များကို တစ်စုံလျှင် ငွေကျပ်(၃၀၀,၀၀၀/-)ဖြင့် မြန်မာ့မီးရထား၊ ထောက်ပံ့ဌာန၊ ကုန်သည်လမ်းနှင့် (၅၁)လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၌ ( ၂၂ - ၇ - ၂၀၂၄) ရက်နေ့မှ (၂ - ၈ - ၂၀၂၄) ရက်နေ့အတွင်း ရုံးချိန်အတွင်း၌ ဝယ်ယူ နိုင်ပါသည်။

၅။         EOI အဆိုပြုလွှာများကို (၁၆.၉.၂၀၂၄) ရက်နေ့၊ နေ့လည် (၂:၃၀) နောက်ဆုံးထား၍ မြန်မာ့မီးရထား၊ ထောက်ပံ့ ဌာန၊ ကုန်သည်လမ်းနှင့် (၅၁)လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် ပြန်လည်တင်သွင်းရမည်။

၆။         အသေးစိတ်အချက်အလက်များအား သိရှိလိုပါက ဖုန်းနံပါတ်၊ ၀၆၇-၇၇၀၅၁/၀၁-၂၉၁၉၉၄ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Download Details :
Download Detail
Department Under :