လှိုင်းနှုန်းအစီအစဉ် (Spectrum Roadmap) ထုတ်ပြန်ကြေညာခြင်း

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် လှိုင်းနှုန်းအသုံးပြုလိုသူများ အနေဖြင့် အနာဂတ် ၅ နှစ်တာကာလအတွင်း လုပ်ငန်းအလိုက် အသုံးပြုနိုင်မည့် လှိုင်းနှုန်းများကို သိရှိနိုင်စေရန် နှင့် အသုံးပြုခွင့်ရရှိနိုင်မည့် ကာလတို့ ဖော်ပြပါရှိသည့် လှိုင်းနှုန်းအစီအစဉ်   (Spectrum Roadmap) အား အများပြည်သူ သဘောထားမှတ်ချက်များ ကို ထည့်သွင်းစဉ်းစား၍ နိုင်ငံတကာ သတ်မှတ်ချက်များနှင့် အညီ ရေးဆွဲပြီးဖြစ်ပါသည်။

လှိုင်းနှုန်းအစီအစဉ် (Spectrum Roadmap) နှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များကို အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။