မြန်မာ့ဆက်သွယ်ရေး၊ KDDI, Sumitomo တို့ သဘောတူ စာချုပ် လက်မှတ်ရေးထိုး

ကမ္ဘာပါ်တွင် ဆက်သွယ်ရေး ဝန်ဆောင်မှု အရည်အသွေး အမြင့်မားဆုံး ဖြစ်သည့် ဂျပန်နိုင်ငံမှ KDDI နှင့် Sumitomo တို့မှ အမေရိကန် ဒေါ်လာ သန်းနှစ်ထောင် ရင်းနှီးမြှုပ်နှံကာ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက် ကို တိုးချဲ့ခြင်း နည်းပညာသစ်များ ဖြင့် အဆင့်မြင့် ဝန်ဆောင်မှုများ ပေးခြင်း၊ ဆက်သွယ်ရေး နည်းပညာ စျေးကွက် အတွင်း နိုင်ငံခြား ကုမ္ပဏီအများအပြား ဝင်ရောက်လာနိုင်ခြင်း၊ လက်ရှိမြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့် ပေးထားသည့် နိုင်ငံခြား ဆက်သွယ်ရေး အော်ပရေတာများ နှင့် ယှဉ်ပြိုင်နိုင်အောင် လုပ်ဆောင်ခြင်း၊ အဆင့်မြှင့်တင်ရေး၊ စျေးကွက်မြှင့်တင်ရေး၊ အရောင်းမြှင့်တင်ရေးများ ကို ဆောင်ရွက်ခြင်း နှင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး နည်းပညာကဏ္ဍများ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်အောင် ပူးပေါင်း လုပ်ဆောင်ရန် အတွက် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း နှင့် ဂျပန်နိုင်ငံ KDDI Corporation, Sumitomo Corporation တို့ ပူးပေါင်း လုပ်ဆောင်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကို ဇူလိုင် (၁၆) ရက် မွန်းလွဲ (၂) နာရီ က သင်္ဂဟဟိုတယ် Ball Room ၌ ကျင်းပသည်။

          ရှေးဦးစွာ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြတ်ဟိန်း က အဖွင့် အမှာစကား ပြောကြားပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E.Mr.Tateshi Higuchi, KDDI Corporation မှ Board of Director နှင့် CEO Mr. Hldehiko Tajima Sumitomo Corporation မှ Corporate Officer နှင့် General Manager Mr. Tatsujiro Naito တို့ကအမှာစကားအသီးသီးပြောကြားကြသည်။

          ထို့နောက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်း နှင့် KDDI Summit Global Myanmar Co, Ltd မှ Chief executive Officer Mr. Takashi Nagashima တို့ က သဘောတူစာချုပ် လက်မှတ်ရေးထိုး လဲလှယ်ကြကြောင်း သတင်းရရှိသည်။