MPT Mobile Phone

MPT Mobile Service

၁။ MPT Sim Card တစ်ခုရယ့် ဈေးနှုန်း ဘယ်လောက်လဲ။

MPT SIM Card တစ်ခုလျှင် ၁၅ဝဝကျပ်နှင့် ဝယ်ယူနိုင်ပါသည်။

 

၂။ MPT SIM Card စတင်သုံးစွဲပါကဘယ်လိုလက်ဆောင်တွေရရှိနိုင်မှာပါလဲ။

SIM Card စတင်အသုံးပြုပြီး (၇)ရက်အတွင်း ပထမဆုံးတစ်ကြိမ် ဖုန်းငွေဖြည့်ပါက အပိုလက်ဆောင်များကို အောက်ပါအတိုင်း ရရှိနိုင်မည် ဖြစ်ပါသည်။

 

၃။ SIM Card ဖုန်းငွေဖြည့်အပိုလက်ဆောင်ကို ဘယ်သူတွေရရှိနိုင်မှာလဲ။

MPT SIM Card အသစ် GSM/WCDMA (Prepaid စနစ်) အသုံးပြုသူများသည် SIM Card စတင်အသုံးပြုပြီး (၇)ရက်အတွင်း ပထမဆုံးတစ်ကြိမ် ဖုန်းငွေဖြည့်ပါက အပိုလက်ဆောင် (တစ်ကြိမ်) ရရှိနိုင်မည်ဖြစ်ပါသည်။

 

၄။ SIM Card ဖုန်းငွေဖြည့်အပိုလက်ဆောင်ကို ဘယ်လိုအသုံးပြုနိုင်ပါသလဲ။

ဖုန်းငွေဖြည့်အပိုလက်ဆောင်ကို MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးခြင်း၊ Pay-As-You-Go စနစ်ဖြင့် အင်တာနက်အသုံး ပြုခြင်းတို့အတွက် ရက် (၆၀)အတွင်းအသုံးပြုနိုင်ပါသည်။ ဝယ်ယူထား သောဒေတာပက်ကေ့ချ် (GB) ကို အင်တာနက် အသုံးပြုမှု အားလုံး အတွက် ရက်(၆၀)အတွင်းအသုံးပြုနိုင်ပါသည်။

 

၅။ MPT SIM Card အသစ်ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် စတင်အသုံးပြုပြီးနောက် (၇)ရက်အတွင်း ပထမဆုံးတစ်ကြိမ် ဖုန်းငွေဖြည့် တဲ့အခါမှာတော့ မည်သည့်အပိုလက်ဆောင်မှမရရှိပါဘူး။ ဘာဖြစ်လို့ပါလဲ။

MPT SIM Card အသစ် စတင်အသုံးပြုသူများသည် SIM Card ကို Activate ပြုလုပ်ပြီးမှသာ ဖုန်းငွေဖြည့်ခြင်းဖြင့် အပို လက်ဆောင် ကိုရရှိနိုင်မည်ဖြစ်ပါသည်။ SIM Card ကို Activate ပြုလုပ်ရန် – (*124#) ကို ရိုက်နှိပ်ခေါ်ဆိုခြင်း (သို့မဟုတ်) ဖုန်းတစ်ကြိမ် ခေါ်ဆိုခြင်း။

 

ငွေဖြည့်ပမာဏ [ကျပ်] Main Balance [ကျပ်] ပထမဆုံးငွေဖြည့်လက်ဆောင် သက်တမ်း
1000 1000 500ks ၆၀ရက်
2000 2000 500ks  
3000 3000 500ks  
4000 4000 500ks  
5000 5000 500ks  
6000 6000 500ks  
7000 7000 500ks  
8000 8000 500ks  
9000 9000 500ks  
Every 10,000 10,000 500ks  
1099 - 1GB+1000Ks  
2199 - 2GB+1000Ks 2199
3299 - 3GB+1000Ks 3299
5399 - 5GB+1000Ks