ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများ၏ အမည်စာရင်းနှင့် ခုံနံပါတ်စာရင်း ကြေညာခြင်း

ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများ၏ အမည်စာရင်းနှင့် ခုံနံပါတ်စာရင်း ကြေညာခြင်း

၁။        ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် အမှုထမ်းဝင်ပေါက် ရာထူး ၅၈ နေရာ ဖြည့်စွက်ခန့်ထားနိုင်ရေးအတွက် ၂၉-၁-၂၀၂၆ ရက် ကြာသပတေးနေ့တွင် မြန်မာ့အလင်း သတင်းစာနှင့်ကြေးမုံသတင်းစာများမှ ကြော်ငြာထည့်သွင်းခေါ်ယူခဲ့သည့် ရာထူးနေရာများအနက် ဒုတိယ ဦးစီးမှူးရာထူး ၊ စာရင်းကိုင်-၂ ရာထူး ၊ အငယ်တန်း အင်ဂျင်နီယာ-၂ ရာထူး ၊ အငယ်တန်းစာရေးရာထူး ၊ ပစ္စည်းထိန်း-၄ ရာထူး ၊ ဒုတိယလက်ထောက်ဦးစီးမှူးရာထူးနေရာများ ခန့်ထားနိုင်ရန် ပူးတွဲဖော်ပြပါ လျှောက်ထားသူ ၂၈ ဦးတို့မှ ရေးဖြေစာမေးပွဲဖြေဆိုနိုင်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

၂။       ရေးဖြေစာမေးပွဲဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ၁၂-၃-၂၀၂၆ ရက်မှ  ၁၃-၃-၂၀၂၆ ရက်အထိ ရုံးချိန်အတွင်း ရုံးအမှတ်-၂ ၊ နေပြည်တော် ၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ စီမံရေးရာနှင့်ထောက်ပံ့ဌာနခွဲတွင် နိုင်ငံသားစိစစ်ရေးကတ်မူရင်းနှင့်အတူ ကိုယ်တိုင်လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။ ဖြေဆိုမည့်နေ့တွင် စာမေးပွဲခန်းသို့ ဖြေဆိုခွင့်ကတ်များ တစ်ပါတည်း ယူဆောင်လာကြရန်ဖြစ်ပါသည်။

၃။       ရေးဖြေစာမေးပွဲဖြေဆိုရမည့် နေ့ရက်၊ အချိန်၊ ဘာသာ၊ နေရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ဖြေဆိုမည့်နေ့ရက်

-

၁၅-၃-၂၀၂၆ ရက် (တနင်္ဂနွေနေ့)

ဖြေဆိုရမည့်အချိန်နှင့်ဘာသာ

-

နံနက်     ၈း၃၀ နာရီမှ ၁ဝး၃၀ နာရီအထိ မြန်မာစာ

နံနက်     ၁ဝး၄ဝ နာရီမှ ၁၂း၄၀ နာရီအထိ အင်္ဂလိပ်စာ

နေ့လယ် ၁၃း၃၀ နာရီမှ ၁၅း၃ဝ နာရီအထိ အထွေထွေဗဟုသုတ

ဖြေဆိုရမည့်နေရာ

-

ရုံးအမှတ် - ၂ ၊ နေပြည်တော်

သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန

e-Learning Centre I , e-Learning Centre II

၄။       ရေးဖြေစာမေးပွဲဖြေဆိုပြီးနောက် လူတွေ့စစ်ဆေးခြင်း (နှုတ်ဖြေကို) ၁၆- ၃-၂၀၂၆ ရက်(တနင်္လာနေ့) နံနက်(၉း၀၀) နာရီတွင် သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ရုံးအမှတ် -၂ ၊ နေပြည်တော်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပါကြောင်း အကြောင်းကြားပါသည်။

ပူးတွဲပါ- ခုံနံပါတ်စာရင်း  ၁  စောင်