ရခိုင်ပြည်နယ်သို့ လေကြောင်းခရီးစဉ်များ ပုံမှန်ပျံသန်းပြေးဆွဲလျက်ရှိ

၁၈-၅-၂၀၂၃၊ နေပြည်တော်

မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့နိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အထောက်အပံ့ဖြစ်စေရေးနှင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူချောမွေ့စေရေးအတွက်  ပျက်စီးဆုံးရှုံးမှု များစွာရှိခဲ့သည့် စစ်တွေလေဆိပ်အား မေလ (၁၅) ရက်နေ့တွင် ဌာနအကြီးအကဲနှင့် အတူ တာဝန်ရှိသူများအား စေလွှတ်၍ လိုအပ်သည်များ အမြန်ဆုံး ပြန်လည်ပြင်ဆင်စေခဲ့ပြီး၊ မေလ (၁၈) ရက်၊ ယနေ့မှစ၍ ရန်ကုန် - စစ်တွေ - ရန်ကုန် ပုံမှန်လေကြောင်းခရီးစဉ်ကို မြန်မာအမျိုးသား လေ ကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းတို့မှ ပြေးဆွဲပေးလျက်ရှိကြောင်းနှင့် ရခိုင် ပြည်နယ်အတွင်းရှိ သံတွဲ၊ ကျောက်ဖြူ၊ အမ်း လေဆိပ်များသို့လည်း လေကြောင်းလိုင်း အသီးသီးက ပုံမှန်ခရီးစဉ်များ ပြေးဆွဲပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန