အေအီးစီ၂၀၂၅ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းကော်မတီများနှင့်စတုတ္ထအကြိမ်ညှိနှိုင်း အစည်းအဝေးသို့ သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာနှင့်အီလက်ထရောနစ် ဆက်သွယ်ရေးနည်းဖြင့်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ဥက္ကဌ၊ဒုဥက္ကဌ နှင့်အတွင်းရေးမှူးတို့အစည်းအဝေးတက်ရောက်

နေပြည်တော် နိုဝင်ဘာလ ၆ ရက်       

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ ပါ အကောင်အထည်ဖော်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ  ဆောင်ရွက်မှုအခြေအနေကို ဆွေးနွေးနိုင်ရေးအတွက် အာဆီယံ ဒေသတွင်းထုတ်လုပ်မှုနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေးလုပ်ငန်း စီမံချက်ပါ လုပ်ငန်းကော်မတီတို့နှင့် စတုတ္ထအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၊ ရုံးအမှတ်(၁)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာနှင့် အီလက်ထရောနစ် ဆက်သွယ်ရေးနည်းဖြင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ဥက္ကဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးချစ်ဝေ၊  ကော်မတီ၏ဒုဥက္ကဌ၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း နှင့် ကော်မတီ၏ အတွင်းရေးမှူး ဖြစ်သူ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ e-Government ဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်တို့ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာနှင့် အီလက်ထရောနစ် ဆက်သွယ်ရေးနည်းဖြင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီ၏ ဥက္ကဌမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် Regional Comprehensive Economic Partnership (RCEP) Working Group on Electronic Commerce (WGEC) နှင့် ASEAN Coordinating Committee on Electronic Commerce (ACCEC) အစီအစဉ်များတွင် Focal အဖြစ်တာဝန် ယူဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ဖော်ပြပါ အစီအစဉ်များတွင် လိုက်ပါဆောင်ရွက်နေမှု၊ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေး ညှိနှိုင်းခဲ့ပါသည်။