အများပြည်သူသဘောထားတောင်းခံခြင်း

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ကွန်ရက် အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (သာမန်) ရရှိထားသော Pan Asia Majestic Eagle Limited ၏ မူလအစုရှယ်ယာရှင်ဖြစ်သော Blue Farm Investments Limited ၏ အစုရှယ်ယာ (၁၀၀%) အား Apollo Towers Myanmar Limited ၏ မူလအစုရှယ်ယာရှင် ဖြစ်သော TPG Group managed/ controlled funds သို့ လွှဲပြောင်းရောင်းချခြင်းအတွက် ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေအပိုဒ် ၃၀ (ဃ) နှင့်အညီ အများပြည်သူ သဘောထား တောင်းခံအပ်ပါသည်။ ကန့်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့် နေ့ရက်မှစ၍ (၂၇-၄-၂၀၁၈) ရက်နေ့ ရုံးချိန်အတွင်း အောက်ဖော်ပြပါလိပ်စာများသို့ ဆက်သွယ်ပေးပို့၍ ကန့်ကွက် နိုင်ပါကြောင်း အသိပေးကြော်ငြာအပ်ပါသည်။

၁။ ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂)  ၀၆၇-၃၄၀၇၆၀၉၊ [email protected]

၂။ ညွှန်ကြားရေးမှူး၊ လိုင်စင်နှင့်စစ်ဆေးရေးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂) ၊  [email protected] ; cc: [email protected]

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန