ဆက်သွယ်ရေးအော်ပရေတာများ၏ကွန်ရက်ဖြန့်ကျက်လွှမ်းခြုံနိုင်မှု နှင့် ကွန်ရက်အရည်အသွေးတို့အား တိုင်းတာရေးစက်များဖြင့် သွားရောက်စစ်ဆေးခြင်း

 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံအတွင်း မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေကြသော အော်ပရေတာများဖြစ်သည့် MPT, Telenor, Ooredooနှင့် MyTel တို့၏ မြန်မာနိုင်ငံ အတွင်း ၎င်းအော်ပရေတာများ၏ကွန်ရက်ဖြန့်ကျက်လွှမ်းခြုံနိုင်မှု (Coverage of Network) နှင့် ကွန်ရက်အရည်အသွေးတို့အား (QoS of Network)လုပ်ငန်းလိုင်စင်ပါ ၎င်းတို့၏ကတိကဝတ်များအတိုင်း တာဝန်ကျေပွန်မှုရှိ/မရှိအား ပြင်ပမှနည်းပညာကျွမ်းကျင်သူအကြံပေးအဖွဲ့ QROI အားငှားရမ်း၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ မြေပြင်ကွင်းဆင်း တိုင်းတာစစ်ဆေးလျက် ရှိပါသည်။ ထိုသို့စစ်ဆေးရာတွင် မြန်မာနိုင်ငံအတွင်းရှိ ရွေးချယ် ထားသော မြို့ပေါင်း(၄၀)နှင့် အထူးစီးပွားရေးဇုန်(၃)ခု၊ လမ်းမကြီး(၅)ခုတို့အား စစ်ဆေးလျက် ရှိပါသည်။