ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
အသိပေးကြေညာချက်
၁။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးတွင်လုပ်ငန်းဆောင်ရွက် သူပြည်သူများအဆင်ပြေချောမွေ့စေရေးအတွက်နှစ်လဲမှတ်ပုံတင်သက်တမ်းတိုးမည့်ယာဉ်များယာဉ်စစ်ရက်ချိန်းရယူခြင်းအား www.rtad.gov.mm Website တွင် ကြိုတင်စာရင်း သွင်းသည့်စနစ် (Online Booking System)ကို (၂.၁.၂၀၁၈)ရက်နေ့မှ စတင်ပြောင်းလဲ ကျင့်သုံးခဲ့ပြီးဖြစ်ပါသည်။
၂။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံးအသီးသီးတွင် နေ့စဉ်ယာဉ်မှန်/မမှန် စစ်ဆေးဆောင်ရွက် ပေးသည့် ယာဉ်စီးရေ များပြားလျက်ရှိ သဖြင့် လုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် ယာဉ်စစ်ရက်ချိန်း ရယူခြင်းအား www.rtad.gov.mm Website တွင် ကြိုတင်စာရင်းသွင်းသည့် စနစ် (Online Booking System)ကို ၂၀.၈.၂၀၁၈ ရက် (တနင်္လာနေ့)မှ စတင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
၃။ မော်တော်ယာဉ် မှတ်ပုံတင် မှန်ကန်ခြင်း ရှိ/မရှိ ယာဉ်စစ်ဆေးခြင်းကို နေ့စဉ် ရုံးဖွင့်ရက်များ အတွင်း နှစ်လဲသက်တမ်းတိုး ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးချိန် နေ့လည်(၂)နာရီ နောက်ပိုင်း၊ လစဉ် လဆန်း(၁)ရက်မှ (၂၅)ရက်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး Online Booking ကို အနည်းဆုံး(၂)ရက်မှ အများဆုံး (၃၀)ရက်အထိ ကြိုတင်ရယူနိုင်မည် ဖြစ်ပါသည်။ ရုံးဖွင့်ရက် တစ်ရက်လျှင် ရုံးများအလိုက် အောက်ပါမော်တော်ယာဉ်စီးရေများအတိုင်း လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်-
စဉ် |
ရုံးအမည် |
ယာဉ်စစ်ဆေးပေးမည့် စီးရေ |
(က) |
တိုင်းဒေသကြီးရုံးခွဲ(ရွာသာကြီး) |
၂၅ |
( ခ) |
ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း) |
၃၅ |
( ဂ) |
ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း) |
၅၀ |
(ဃ) |
ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း) |
၂၅ |
( င ) |
ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း) |
၃၀ |
၄။ Online အသုံးပြုရန် အသေးစိတ်အချက်အလက်များအား www.motc.gov.mm၊ www. myanmarrtad.com၊ www.rtad.gov.mm Website များနှင့် Road Transport Facebook Page တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ မရှင်းလင်းသည်များရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-
- ရုံးချုပ်(နေပြည်တော်) – ၀၆၇-၃၄၀၅၀၉၉
- တိုင်းဒေသကြီးရုံး(ရန်ကုန်) – ၀၁-၅၇၀၉၆၇
- တိုင်းဒေသကြီးရုံးခွဲ(ရွာသာကြီး) – ၀၁-၂၅၈၅၀၈၂
- ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း) – ၀၁-၅၉၀၁၀၇
- ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း) – ၀၁-၅၇၃၁၀၉
- ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း) – ၀၅၆-၂၁၀၈၀
- ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း) – ၀၁-၃၆၄၄၄၁၀
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန