တိုင်းဒေသကြီးနှင့် ပြည်နယ် (၇) ခုတို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ် (Copper Cable)အားဖိုင်ဘာကေဘယ်လ်စနစ် (FTTH) ဖြင့်အစားထိုး၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်

(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်) – MPT သည် အဓိက ပြည်နယ် နှင့် တိုင်းဒေသကြီး (၇) ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် ၎င်း၏ မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH) အဆင့်မြှင့်တင်မှုများကို   အောင်မြင်စွာ ဆောင်ရွက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။

MPT သည် ၂၀၁၆ ခုနှစ်တွင် FTTH ဝန်ဆောင်မှုများကို စတင်ပေးအပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစ၍ ၎င်း၏ လက်ရှိအသုံးပြုနေသည့် ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ်အစား မြန်နှုန်းမြင့် ဖိုင်ဘာကွန်ရက်စနစ်ဖြင့် အစားထိုး၍ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့ပါသည်။ MPT သည် အဆိုပါအဆင့်မြှင့်တင်မှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်သောကြောင့် ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်မှစတင်၍ အော်တိုတယ်လီဖုန်းနံပါတ်အသစ်များအသုံးပြုကာ မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH)သို့ အပြည့်အဝ ပြောင်းလဲဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။  

မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH)သို့ အဆင့်မြှင့်တင်မှု ဆောင်ရွက်ပြီးသော ‌ဒေသများရှိ သုံးစွဲသူများသည် ပိုမိုမြန်ဆန် ကောင်းမွန်သော ဝန်ဆောင်မှုများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။ သို့ရာတွင် FTTH ကွန်ရက်နှင့် ဝေးကွာသော အချို့နေရာများရှိ သုံးစွဲသူနေအိမ်များအနေဖြင့် MPT ၏ VoIP ဝန်ဆောင်မှုကို အသုံးပြုနိုင်မည်မဟုတ်ပါ။

အဆင့်မြှင့်တင်ဆောင်ရွက်ပြီးသော အိတ်ချိန်းများ နှင့် ဖုန်းနံပါတ်များ၏ အသေးစိတ်အချက်အလက်ကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။

နယ်မြေအိတ်ချိန်းလက်ရှိ အသုံးပြုနေသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်ပြောင်းလဲသွားမည့် အော်တိုတယ်လီဖုန်းနံပါတ်
ပဲခူးတိုင်း‌ဒေသကြီး (အရှေ့ပိုင်း)ဘုရားကြီး အိတ်ချိန်း၀၅၂-၆၅xxx၀၅၂-၂၇၆၅xxx
ကေတုမတီ အိတ်ချိန်း၀၅၄-၂၇xxx၀၅၄-၂၈၂၇xxx
တောင်ငူ အိတ်ချိန်း၀၅၄-၂၃xxx၀၅၄-၂၈၂၃xxx
၀၅၄-၂၄xxx၀၅၄-၂၈၂၄xxx
၀၅၄-၂၅xxx၀၅၄-၂၈၂၅xxx
၀၅၄-၂၆xxx၀၅၄-၂၈၂၆xxx
မကွေးတိုင်း‌ဒေသကြီးအောင်လံ အိတ်ချိန်း၀၆၉-၂၀၀xxx၀၆၉-၂၂၀၀xxx
၀၆၉-၂၀၁xxx၀၆၉-၂၂၀၁xxx
မင်းဘူး အိတ်ချိန်း၀၆၅-၂၁xxx၀၆၅-၂၀၂၁xxx
ပခုက္ကူ အိတ်ချိန်း၀၆၂-၂၁xxx၀၆၂-၂၀၂၁xxx
၀၆၂-၂၂xxx၀၆၂-၂၀၂၂xxx
၀၆၂-၂၃xxx၀၆၂-၂၀၂၃xxx
၀၆၂-၂၄xxx၀၆၂-၂၀၂၄xxx
မန္တလေးတိုင်းဒေသကြီးကျောက်ပန်းတောင်း အိတ်ချိန်း၀၆၁-၅၀xxx၀၆၁-၂၂၅၀xxx
၀၆၁-၅၁xxx၀၆၁-၂၂၅၁xxx
၀၆၁-၅၂xxx၀၆၁-၂၂၅၂xxx
မိတ္ထီလာ အိတ်ချိန်း၀၆၄-၂၃xxx၀၆၄-၂၂၂၃xxx
၀၆၄-၂၄xxx၀၆၄-၂၂၂၄xxx
၀၆၄-၂၅xxx၀၆၄-၂၂၂၅xxx
၀၆၄-၂၆xxx၀၆၄-၂၂၂၆xxx
မွန်ပြည်နယ်ရေး အိတ်ချိန်း၀၅၇-၅၀xxx၀၅၇-၂၀၅၀xxx
ရှမ်းပြည်နယ် (တောင်ပိုင်း)ကလော အိတ်ချိန်း၀၈၁-၅၀xxx၀၈၁-၂၃၅၀xxx
တောင်ကြီး အိတ်ချိန်း၀၈၁-၂၀၀xxx၀၈၁-၂၂၀၀xxx
၀၈၁-၂၀၁xxx၀၈၁-၂၂၀၁xxx
၀၈၁-၂၀၂xxx၀၈၁-၂၂၀၂xxx
၀၈၁-၂၀၅xxx၀၈၁-၂၂၀၅xxx
၀၈၁-၂၀၆xxx၀၈၁-၂၂၀၆xxx
၀၈၁-၂၁၂၁xxx၀၈၁-၂၁၂၁xxx
၀၈၁-၂၁၂၂xxx၀၈၁-၂၁၂၂xxx
၀၈၁-၂၁၂၃xxx၀၈၁-၂၁၂၃xxx
၀၈၁-၂၁၂၄xxx၀၈၁-၂၁၂၄xxx
၀၈၁-၂၁၂၅xxx၀၈၁-၂၁၂၅xxx
၀၈၁-၂၁၃၀xxx၀၈၁-၂၁၃၀xxx
၀၈၁-၂၁၃၁xxx၀၈၁-၂၁၃၁xxx
၀၈၁-၂၁၃၂xxx၀၈၁-၂၁၃၂xxx
တနင်္သာရီတိုင်းဒေသကြီးကော့သောင်း အိတ်ချိန်း၀၅၉-၅၁xxx၀၅၉-၂၀၅၁xxx
၀၅၉-၅၂xxx၀၅၉-၂၀၅၂xxx
ရန်ကုန်တိုင်း‌‌ဒေသကြီးမှော်ဘီ အိတ်ချိန်း၀၁-၆၂၀xxx၀၁-၈၆၂၀xxx
၀၁-၆၂၁xxx၀၁-၈၆၂၁xxx
ခရမ်း အိတ်ချိန်း၀၅၆-၃၀xxx၀၅၆-၂၀၃၀xxx
သုံးခွ အိတ်ချိန်း၀၅၆-၄၀xxx၀၅၆-၂၀၄၀xxx
တိုက်ကြီး အိတ်ချိန်း၀၅၅-၂၀xxx၀၅၅-၂၂၂၀xxx
၀၅၅-၂၁xxx၀၅၅-၂၂၂၁xxx
ဥက္ကံ အိတ်ချိန်း၀၅၅-၂၉xxx၀၅၅-၂၂၂၉xxx
မရမ်းကုန်း အိတ်ချိန်း၀၁-၆၅၀xxx၀၁-၈၆၅၀xxx
၀၁-၆၅၁xxx၀၁-၈၆၅၁xxx
၀၁-၆၅၂xxx၀၁-၈၆၅၂xxx
၀၁-၆၅၃xxx၀၁-၈၆၅၃xxx
၀၁-၆၅၄xxx၀၁-၈၆၅၄xxx
၀၁-၆၅၅xxx၀၁-၈၆၅၅xxx
၀၁-၆၅၆xxx၀၁-၈၆၅၆xxx
၀၁-၆၅၇xxx၀၁-၈၆၅၇xxx
၀၁-၆၅၈xxx၀၁-၈၆၅၈xxx
မင်္ဂလာဒုံ အိတ်ချိန်း၀၁-၆၃၅xxx၀၁-၈၆၃၅xxx
၀၁-၆၃၆xxx၀၁-၈၆၃၆xxx
၀၁-၆၃၇xxx၀၁-၈၆၃၇xxx
၀၁-၆၃၈xxx၀၁-၈၆၃၈xxx
၀၁-၆၃၉xxx၀၁-၈၆၃၉xxx
သန်လျင် အိတ်ချိန်း၀၅၆-၂၁xxx၀၅၆-၂၀၂၁xxx
၀၅၆-၂၂xxx၀၅၆-၂၀၂၂xxx
၀၅၆-၂၃xxx၀၅၆-၂၀၂၃xxx

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

သုံးစွဲသူများသည် မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH စနစ်) မှတစ်ဆင့် ဝန်ဆောင်မှုပေးအပ်နေသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များကို ရယူလိုပါက အထက်ပါဇယားတွင် ဖော်ပြထားသည့် နီးစပ်ရာ MPT ရုံးများရှိ သက်ဆိုင်ရာအိတ်ချိန်းများတွင် လျှောက်ထားနိုင်ပါသည်။ လိုအပ်သည့်အကူအညီများနှင့် အသေးစိတ်အချက်အလက်များ ပိုမိုသိရှိလိုပါက MPT Call Center ၁၀၆ ကို ဆက်သွယ်နိုင်ပါသည်။