ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း AI-Powered Personal Growth (Online) သင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ်လ ၁ ရက်နေ့ နေ့လည်ပိုင်းတွင် Online မှ တစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ခေတ္တကျောင်းအုပ် ဦးရန်နောင်စိုး၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၃၄ ဦး တို့ Online ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သင်တန်းဆင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ခေတ္တကျောင်းအုပ်မှ သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် သင်တန်းသား/ သင်တန်းသူများအား ဆုများ အသီးသီးချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။