“China-ASEAN On-site Network Security Incident Training” ဖွင့်လှစ်။

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (CNCERT/CC) တို့ ပူးပေါင်းဖွင့်လှစ်သော “China-ASEAN On-site Network Security Incident Training” သင်တန်းဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်၊ Information Access Center တွင် (၁၂-၁၁-၂၀၁၈)ရက်နေ့ နံနက်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းကို ဆိုက်ဘာလုံခြုံရေးနှင့် သက်ဆိုင်သော အဖွဲ့အစည်းများမှ သင်တန်းသား (၁၈)ဦး တက်ရောက်ခဲ့ပြီး ဒေသတွင်းရှိ ကွန်ရက်လုံခြုံရေးအား ကာကွယ်စောင့်ရှောက်ရန်နှင့် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအား မြှင့်တင်ရန်အတွက် ကွန်ရက်လုံခြုံရေးဆိုင်ရာဖြစ်စဉ်များအား စောင့်ကြည့်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ ကိုင်တွယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ စွမ်းရည်များ မြှင့်တင်ခြင်းနှင့် အတွေ့အကြုံများ ဖလှယ်ခြင်းများ ပြုလုပ်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။

သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၊ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးနှင့် CNCERT/CC မှ ညွှန်ကြားရေးမှူး Mr. YAN Hanbing တို့ကတက်ရောက်၍ အဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။
 

သင်တန်းကို (၁၂-၁၁-၂၀၁၈)ရက်နေ့မှ (၁၃-၁၁-၂၀၁၈)ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ပြီး “Overview of China’s Cybersecurity Policy”၊ Emergency Response Activities and Best Practice of CNCERT”၊ “On-site Forensic Analysis of Cyber Attacks”၊ In-Depth Analysis of Intrusion Detection၊ “Incident Response and Digital Forensic၊ “Reverse Analysis of Windows Malware”၊ “Reverse Analysis of Android Malware” ခေါင်းစဉ်များကို Bureau of Cybersecurity (CAC)၊ CNCERT/CC၊ Eversec Technology Cooperation၊ 360 Enterprise Security Group မှ ပညာရှင်များက ပို့ချခြင်းဖြစ်ပါသည်။