ကုန်းလမ်းပို့ဆောင်ရေး-ဖွဲ့စည်းပုံ
ကုန်းလမ်းပို့ဆောင်ရေး၏ ဖွဲ့စည်းပုံ
ကုန်းလမ်းပို့ဆောင်ရေး ဖွဲ့စည်းပုံ
ကုန်းလမ်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူးသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပေးအပ်သည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို အောင်မြင်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသော ဖွဲ့စည်းပုံနှင့် ခွင့်ပြုအင်အား ဘောင်အတွင်း၌ ဌာနအသီးသီးကို ဖွဲ့စည်းကာ ဦးဆောင်စီမံကွပ်ကဲဆောင်ရွက်လျက်ရှိပါသည်။ ထိုနည်းတူ အထွေထွေမန်နေဂျာနှင့် ဒု-အထွေထွေမန်နေဂျာ တို့သည် ဌာနအသီးသီးမှ တင်ပြသော ဌာနဆိုင်ရာ လုပ်ငန်းကိစ္စအရပ်ရပ်ကို စိစစ်သုံးသပ်၍ အရေးယူ ဆောင်ရွက်ဖွယ်ရာများကို ဦးဆောင် ညွှန်ကြားရေးမှူးအား တိုက်ရိုက် တာဝန်ခံ ဆောင်ရွက်ကြပါသည်။
ကုန်းလမ်းပို့ဆောင်ရေးတွင် ဖွဲ့စည်းထားရှိသော အောက်ပါဌာနအသီးသီးကို ဌာနမှူးများမှ ဦးဆောင်၍ ယှဉ်တွဲပါတာဝန်များကို ဦးဆောင်ညွှန်ကြားရေးမှူးအား တာဝန်ခံ ဆောင်ရွက်ကြပါသည် -
စဉ် |
ဌာန |
တာဝန်ခံ |
လုပ်ငန်းတာဝန် |
(က) |
အင်ဂျင်နီယာဌာန |
အင်ဂျင်နီယာချုပ် |
ပြင်ဆင်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များ၊ |
( ခ) |
ငွေစာရင်းဌာန |
ဒုတိယအထွေထွေ မန်နေဂျာ(စာရင်း) |
ငွေကြေးဆိုင်ရာ လုပ်ငန်းတာဝန်များ၊ |
( ဂ) |
ဖွဲ့စည်းနှင့်စီမံရေးရာ ဌာန |
ဌာနမှူး |
စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးလုပ်ငန်းတာဝန် များ၊ |
(ဃ) |
လုပ်သားရေးရာ ဌာန |
ဌာနမှူး |
ဝန်ထမ်းရေးရာ လုပ်ငန်းတာဝန်များ၊ |
( င) |
ပစ္စည်းဝယ်ယူ/သိုလှောင်ရေးဌာန |
ဌာနမှူး |
ပစ္စည်းဝယ်ယူသိုလှောင်ရေး လုပ်ငန်းတာဝန် များ၊ |
( စ) |
စာရင်းအင်းဌာန |
ဌာနမှူး |
ပို့ဆောင်ရေးဆိုင်ရာစာရင်းအင်းများပြုစုခြင်း၊ |
(ဆ) |
ကုန်စည်ပို့ဆောင်ရေးဌာန |
ဌာနမှူး |
ကုန်စည်ပစ္စည်းများ ပို့ဆောင်ခြင်း၊ |
( ဇ) |
ခရီးသည်ပို့ဆောင်ရေးဌာန |
ဌာနမှူး |
ခရီးသည်များ ပို့ဆောင်ခြင်း၊ |
(ဈ) |
အငှားယာဉ်ဌာန |
ဌာနမှူး |
ယာဉ်ငယ်များဖြင့် ရန်ကုန်မြို့တွင်း ခရီးသည် ပို့ဆောင်ခြင်း၊ |