ADSL Internet Service

MPT ADSL Basic Services
Class | Initial Setup Fee | Annual Fee | Monthly Fee | Free email Account |
512 kbps | 50,000 Ks | 50,000 Ks | 17,000 Ks | 1 |
1 Mbps | 50,000 Ks | 50,000 Ks | 34,000 Ks | 4 |
1.5 Mbps | 50,000 Ks | 50,000 Ks | 50,000 Ks | 8 |
2 Mbps | 50,000 Ks | 50,000 Ks | 65,000 Ks | 10 |
2.5 Mbps | 50,000 Ks | 50,000 Ks | 80,000 Ks | 15 |
MPT ADSL Value Added Services
Service | Condition | Initial Setup Fee | Annual Fee | Monthly Fee |
Static IP Address | 50,000 Ks | |||
Change Phone Number | Same Exchange | 50,000 Ks | ||
Change Phone Number | Different Exchange | 100,000 Ks | ||
Additional E-Mail Account | up to 10 accounts | 12,000 Ks | ||
Additional E-Mail Account | up to 20 accounts | 10,000 Ks | ||
Additional E-Mail Account | up to 30 accounts | 9,000 Ks | ||
Additional E-Mail Account | up to 50 accounts | 8,000 Ks |
ADSL စနစ် သုံးစွဲသူ လမ်းညွှန်
ADSL စနစ်လျှောက်ထားခြင်း | ||
၁။ | ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပိုင် ဝက်ဆိုဒ် “www.mcit.gov.mm” တွင် ADSL Application Form များအား download ရယူ၍ လူပုဂ္ဂိုလ် ဖြစ်ပါက မှတ်ပုံတင် မိတ္တူဖြင့်လည်းကောင်း ၊ ကုမ္ပဏီ / အဖွဲ့အစည်းများ ဖြစ်ပါ က သက်ဆိုင်ရာ ကုမ္ပဏီ မှတ်ပုံတင်မိတ္တူ ၊ ပုံစံ (၆) ၊ ပုံစံ (၂၆) မိတ္တူတို့နှင့်အတူပူးတွဲ၍ | |
(က) | ရန်ကုန်တိုင်း ဒေသကြီး စည်ပင် သာယာ နယ်နိမိတ် အတွင်း ADSL စနစ် တပ်ဆင် အသုံးပြု လိုပါက အင်ဂျင်နီယာချုပ်ရုံး၊ သတင်း အချက်အလက် နည်းပညာ ဌာန ၊ ပြည်ပ ဆက်သွယ်ရေး အဆောက်အဦ ၊ (၈) မိုင် ၊ ကမ္ဘာအေး ဘုရား လမ်း ၊ မရမ်ကုန်း မြို့နယ် ၊ ရန်ကုန် တိုင်းဒေသကြီး တွင် လျှောက်ထား နိုင်ပါသည်။ | |
(ခ) | ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီး ရှိ မြို့များ တွင် ADSL စနစ် တပ်ဆင် အသုံးပြု လိုပါ က သက်ဆိုင်ရာ ပြည်နယ်/ တိုင်း မန်နေဂျာရုံး၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း တွင် လျှောက်ထား နိုင်ပါသည်။ | |
ADSL စနစ် တပ်ဆင်ပေးနိုင်ခြင်း ရှိ/မရှိစိစစ်ခြင်း | ||
၂။ | လျှောက်ထားသူ မှ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် အတွင်း အသုံးပြုလိုပါက စီးပွားရေး ဌာနစိတ် သတင်းအချက်အလက် နည်းပညာ ဌာန ၊ ပြည်ပ ဆက်သွယ်ရေး အဆောက်အဦ ၊ (၈) မိုင် ၊ ကမ္ဘာအေး ဘုရား လမ်း ၊ မရမ်ကုန်း မြို့နယ် တွင် မှတ်ပုံတင် လျှောက်ထား ရပါမည် ဖြစ်ပါသည်။ | |
၃။ | အဆိုပါ လျှောက်လွှာများ အား စီးပွားရေး ဌာနစိတ် မှ တစ်ဆင့် ADSL ဌာနစိတ်သို့ လိုင်း တပ်ဆင် ပေးနိုင်ခြင်း ရှိ/မရှိ စိစစ်နိုင်ရန် ဆက်လက် ပေးပို့ပါသည်။ | |
၎။ | ADSL ဌာနစိတ်မှ ရုံးချုပ် အခြေစိုက် အော်တိုတယ်လီဖုန်း ဌာန၏ သက်ဆိုင်ရာ အိတ်ချိန်းများ သို့ လျှောက်ထား သည့် တယ်လီဖုန်း နံပါတ် တပ်ဆင် အသုံးပြုထား သည့် အိတ်ချိန်းများ အား သိရှိနိုင်ရန် ရုံးစာဖြင့် လည်းကောင်း ၊ တယ်လီဖုန်းဖြင့် လည်းကောင်း စိစစ် မေးမြန်းရပါသည်။ | |
၅။ | သက်ဆိုင်ရာ အိတ်ချိန်းများ မှ အဆိုပါ တယ်လီဖုန်း တပ်ဆင် ထား သည့် အိတ်ချိန်း အမည်များအား အကြောင်းပြန်ကြား လာပါက ADSL ဌာနစိတ်မှ အဆိုပါ အိတ်ချိန်းများတွင် ADSL စက်ပစ္စည်းများ တပ်ဆင်ထားခြင်း ရှိ/မရှိ နှင့် အဆိုပါ တယ်လီဖုန်း တပ်ဆင်ထားရှိ သည့် အကွာအဝေး သည် ADSL စနစ် တပ်ဆင် ပေးနိုင်ခြင်း ရှိ/မရှိ ထပ်မံ စိစစ်ရပါသည်။ | |
၆။ | ADSL စနစ် တပ်ဆင် ပေးနိုင်ခြင်း (သို့) သတ်မှတ် အကွာအဝေး ထက် ကျော်လွန်နေ သဖြင့် တပ်ဆင် မပေးနိုင်ခြင်း (သို့) စက်ပစ္စည်းများ တပ်ဆင် ထားရှိခြင်း မရှိသည့် အတွက် ADSL စနစ် တပ်ဆင် မပေးနိုင်ခြင်း များကို စီးပွားရေး ဌာနစိတ် မှ တစ်ဆင့် လျှောက်ထားသူ ၏ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ အတိုင်း အကြောင်း ပြန်ကြား ပေးပါသည်။ | |
ငွေပေးသွင်းခြင်း | ||
၇။ | ADSL စနစ် တပ်ဆင် ပေးနိုင်သည့် လိုင်းများအား စီးပွားရေး ဌာနစိတ် မှ ကျသင့်ငွေ ပေးသွင်းနိုင် ရန် ငွေတောင်းခံလွှာ (Demand Note) ထုတ်ပေးပါသည်။ | |
၈။ | အဆိုပါ Demand Note (DN) ဖြင့် ငွေစာရင်း ဌာနစိတ် ၊ သတင်းအချက် အလက် နည်းပညာဌာန တွင် ငွေသွင်းချလန် ထုတ်ယူနိုင်ပါသည်။ | |
ပုဂ္ဂလိက / ကုမ္ပဏီ အဖွဲ့အစည်းများ | ||
(က) | ပုဂ္ဂလိက / ကုမ္ပဏီ အဖွဲ့အစည်းများ အတွက် ငွေစာရင်း ဌာနစိတ်မှ မြန်မာ့စီးပွားရေးဘဏ် (၂) တွင် ငွေသွင်းနိုင်ရန် ငွေသွင်းချလန် (၃) စောင် ထုတ်ပေး ပါသည်။ | |
(ခ) | ငွေသွင်းပြီး ပါက ငွေသွင်းချလန် (၁) စောင်အား မြန်မာ့စီးပွားရေးဘဏ်(၂) မှ သိမ်းယူထားရှိပြီး၊ ကျန်(၂) စောင်အား လျှောက်ထားသူမှ ငွေစာရင်းဌာနစိတ် ၊ သတင်းအချက်အလက် နည်းပညာဌာနသို့ ပြန်လည်ပေးပို့ရပါမည်။ | |
(ဂ) | ငွေစာရင်း ဌာနစိတ် မှ ငွေရပြေစာ (၂) စောင် ပြန်လည်ထုတ်ပေးပါမည် ။ ငွေရပြေစာ (၁) စောင် အား လျှောက်ထားသူမှ သိမ်းဆည်းထားရန်ဖြစ်ပြီး ၊ ကျန် (၁) စောင်အားစီးပွားရေးဌာနစိတ် သို့ ပေးပို့ပါသည်။ | |
အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများ | ||
(ဃ) | အစိုးရ ဌာနဆိုင်ရာ အဖွဲ့အစည်း များ ဖြစ်ပါ က ကျသင့်ငွေများအား မျဉ်းသားချက် (Cross Cheque) (သို့) P.O Cheque များဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ လိပ်မူ၍ ပေးသွင်းရပါမည်။ | |
(င) | Cheque ဖြင့် ကျသင့်ငွေ ပေးသွင်းပြီး ပါက ငွေစာရင်းဌာနစိတ် မှ ငွေရပြေစာ(၂)စောင် ပြန်လည်ထုတ်ပေးပါမည် ။ ငွေရပြေစာ (၁) စောင်အား သက်ဆိုင်ရာ ဌာနမှ သိမ်းဆည်းထားရန်ဖြစ်ပြီး ၊ ကျန် (၁) စောင်အား စီးပွားရေးဌာနစိတ် သို့ ပေးပို့ပါသည်။ | |
ADSL လိုင်းတပ်ဆင်ပေးခြင်း | ||
၉။ | ADSL လိုင်းတပ်ဆင်ခြင်းအား အောက်ပါအတိုင်းဆောင်ရွက်ပါသည်။ | |
(က) | စီးပွားရေးဌာနစိတ် မှ ငွေရပြေစာ လက်ခံရရှိပါ က ADSL လိုင်းတပ်ဆင်မိန့် (Advice Note) အား ADSL ဌာနစိတ်သို့ ပေးပို့ပါသည်။ | |
(ခ) | အဆိုပါ Advice Note (AN) အား ADSL ဌာနစိတ်မှ လက်ခံရရှိပါက လျှောက်ထားသူများနှင့် ချိတ်ဆက်၍ ADSL လိုင်း တပ်ဆင်ခြင်း လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်ရပါသည်။ | |
(ဂ) | သုံးစွဲသူများမှ ADSL စနစ်တပ်ဆင်ရန်အတွက် လိုအပ်သော ADSL Modem များအား မိမိအစီအစဉ်ဖြင့် ဝယ်ယူထားရမည် ဖြစ်ပါသည်။ | |
(ဃ) | ADSL ဌာနစိတ်မှ တပ်ဆင်ပြီးစီး သော AN များကို ADSL လိုင်းသုံးစွဲသူများ သို့ လစဉ်ကြေး ကျသင့်ငွေ တောင်းခံလွှာ(ဘီလ်) ထုတ်ဆင့်နိုင်ရန် စီးပွားရေးဌာနစိတ် သို့ ပြန်လည် ပေးပို့ပါသည်။ | |
ADSL လိုင်းယာယီပိတ်ခြင်း / ဖွင့်ခြင်း | ||
၁၀။ | သုံးစွဲသူမှ ADSL လိုင်းယာယီ ပိတ်သိမ်းခြင်း/ ဖွင့်ခြင်းများ ဆောင်ရွက်လိုပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ငွေစာရင်းဌာန ၊ ဗိုလ်ဆွန်ပက်လမ်း (မောင်ထော်လေးလမ်း) ၊ ပန်းဘဲတန်းမြို့နယ်မှ ကြွေးကျန် ကင်းရှင်းကြောင်း အထောက်အထားများ နှင့် အတူ အင်ဂျင်နီယာချုပ် ၊ သတင်းအချက်အလက် နည်းပညာဌာန သို့ လိပ်မူ၍ လျှောက်ထားနိုင်ပါသည်။ | |
၁၁။ | လိုင်း ယာယီပိတ်ခြင်း နှင့် ဖွင့်ခြင်း များအား လစဉ် လဆန်းရက်တိုင်း ဆောင်ရွက်ပေးပါသည် ။ သို့ဖြစ်ပါ၍ သုံးစွဲသူများမှ လကုန်ရက်များ မတိုင်မီ လျှောက်ထားရမည် ဖြစ်ပါသည်။ | |
၁၂။ | လိုင်း ယာယီပိတ်ခြင်းများ အတွက် သုံးစွဲသူများမှ လစဉ်ကြေး ကျသင့်ငွေများ ပေးဆောင်ရန် မလိုအပ် သော်လည်း နှစ်စဉ်ကြေး ကျသင့်ငွေ ကျပ်(၅၀,၀၀၀/−) (ငါးသောင်းကျပ်) တိတိ အားနှစ်စဉ် ဧပြီလတိုင်း ပေးဆောင်ရမည် ဖြစ်ပါသည်။ | |
ADSL လိုင်းအပြီးပိတ်သိမ်းခြင်း | ||
၁၃။ | သုံးစွဲသူမှ ADSL လိုင်း အပြီး ပိတ်သိမ်း လိုပါက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ငွေစာရင်းဌာန ၊ ဗိုလ်ဆွန်ပက်လမ်း (မောင်ထော်လေးလမ်း) ၊ ပန်းဘဲတန်းမြို့နယ် မှ ကြွေးကျန် ကင်းရှင်းကြောင်း အထောက်အထားများ နှင့် အတူ အင်ဂျင်နီယာချုပ် ၊ သတင်းအချက်အလက် နည်းပညာဌာန သို့ လိပ်မူ၍ လျှောက်ထားနိုင်ပါသည်။ | |
၁၄။ | ADSL လိုင်း အပြီး ပိတ်သိမ်းခြင်း အား လစဉ် လဆန်းရက် တိုင်း ဆောင်ရွက် ပေးပါသည် ။ သို့ဖြစ်ပါ ၍ သုံးစွဲသူများ မှ လကုန်ရက်များ မတိုင်မီ လျှောက်ထားရမည် ဖြစ်ပါသည်။ | |
ADSL လိုင်း Service Plan ပြောင်းလဲအသုံးပြုခြင်း | ||
၁၅။ | သုံးစွဲသူမှ ADSL လိုင်း Service Plan များ ( Speedတိုးမြှင့်ခြင်း (သို့) Speed လျော့ချခြင်း) ပြောင်းလဲ သုံးစွဲလိုပါက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ငွေစာရင်းဌာန ၊ ဗိုလ်ဆွန်ပက်လမ်း (မောင်ထော်လေးလမ်း)ပန်းဘဲတန်း မြို့နယ် မှ ကြွေးကျန် ကင်းရှင်းကြောင်း အထောက်အထားများ နှင့်အတူ အင်ဂျင်နီယာချုပ် သတင်းအချက်အလက် နည်းပညာဌာန သို့ လိပ်မူ၍ လျှောက်ထားနိုင်ပါသည်။ | |
၁၆။ | Service Plan ပြောင်းလဲခြင်းများ ကို လစဉ် လဆန်းရက် တိုင်း ဆောင်ရွက် ပေးပါသည် ။ သို့ဖြစ်ပါ ၍ သုံးစွဲသူများ မှ လကုန်ရက်များ မတိုင်မီ လျှောက်ထားရမည် ဖြစ်ပါသည်။ | |
စာချုပ်ချုပ်ဆိုခြင်း | ||
၁၇။ | ADSL လိုင်းများ တပ်ဆင်ပြီးစီးသွားပါ က သုံးစွဲသူများ မှ စီးပွားရေး ဌာနစိတ်သို့ လာရောက်၍ သုံးစွဲသူနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တို့ အကြား ADSL ဝန်ဆောင်မှု စာချုပ် ချုပ်ဆိုရမည် ဖြစ်ပါသည်။ | |
၁၈။ | စာချုပ် ချုပ်ဆိုပြီးပါ က ADSL လိုင်း ငွေတောင်းခံလွှာ မှတ်တမ်းစာအုပ် (ဘီလ်ပေးဆောင်ရန်စာအုပ်) အား ငွေစာရင်းဌာနစိတ်၊ သတင်းအချက်အလက် နည်းပညာဌာန တွင် ထုတ်ယူနိုင်ပါသည်။ | |
လစဉ်ကြေးကျသင့်ငွေပေးဆောင်ခြင်း | ||
၁၉။ | ADSL လိုင်း သုံးစွဲခ ကျသင့်ငွေတောင်းခံလွှာ (ဘီလ်) များအား စာတိုက်မှ တစ်ဆင့် သုံးစွဲသူများထံသို့ ပေးပို့ပါသည် | |
၂၀။ | သုံးစွဲသူများ အား လစဉ်ကြေး ကျသင့်ငွေများ အား မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ၊ ငွေစာရင်းဌာန ၊ ဗိုလ်ဆွန်ပက်လမ်း (မောင်ထော်လေးလမ်း) ၊ ပန်းဘဲတန်းမြို့နယ်တွင် ပေးဆောင်ရမည်ဖြစ်ပါသည်။ | |
၂၁။ | လစဉ်ကြေးကျသင့်ငွေများအားလစဉ် (၂၀) ရက်နေ့နောက်ပိုင်းတွင် ပေးသွင်းနိုင်ပါသည် ။ ( ဥပမာ−ဇန်နဝါရီလအတွက်ကျသင့်ငွေအားဖေဖော်ဝါရီလ(၂၀) ရက်နေ့ နောက်ပိုင်းတွင် ပေးသွင်းနိုင်ပါသည်) | |
၂၂။ | ADSL လိုင်း သုံးစွဲခ ကျသင့်ငွေများ အတွက် ကြိုတင်ငွေ များကိုလည်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ငွေစာရင်းဌာန ၊ ဗိုလ်ဆွန်ပက်လမ်း (မောင်ထော်လေးလမ်း) ၊ ပန်းဘဲတန်း မြို့နယ် တွင် ပေးသွင်း ထားနိုင်ပါသည်။ | |
ကြွေးကျန်လိုင်းများယာယီဖြတ်တောက်ခြင်း | ||
၂၃။ | မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ငွေစာရင်းဌာနမှ ပေးပို့လာသော ADSL လိုင်းကြွေးကျန်စာရင်းများအားစီးပွားရေးဌာနစိတ်မှတစ်ဆင့် ADSL ဌာနစိတ်မှ လိုင်း ယာယီ ဖြတ်တောက်ခြင်း များကို ဆောင်ရွက်ပါသည်။ ကြွေးကျန် ငွေများ ပေးဆောင်ပြီး ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ငွေစာရင်းဌာန မှ ပေးပို့သော စာရင်းများ လက်ခံရရှိပြီးမှသာ ယာယီ ပိတ်ထားသော ADSL လိုင်းများအား ADSL ဌာနစိတ်မှ လိုင်း ပြန်လည် ဖွင့်ပေးပါသည် |
Download Application Form
Application Form များအား အောက်ပါ Link တွင် download ရယူပြီး စီးပွားရေးဌာန၊ ပြည်ပဆက်သွယ်ရေးအဆောက်အဦ(ပထမထပ်)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်း(၈-မိုင်)၊ ရန်ကုန်မြို့။ (၀၁-၆၅၀၈၉၀) သို့ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
ADSL Service Request Form (မြန်မာ)
(34.43 KB)
ADSL Service Request Form (English)
(160.07 KB)
Extended ADSL Service Request Form (မြန်မာ)
(222.44 KB)
Extended ADSL Service Request Form (English)
(233.58 KB)