eGovernment
eGovernment
ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာနသည် မြန်မာနိုင်ငံတွင် e-Government အား အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး Focal Ministry အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ၀န်ကြီးဌာနဖြစ်သည်နှင့်အညီ အစိုးရအဖွဲ့အစည်းများနှင့် ၀န်ကြီးဌာန များအားလုံး ကောင်းမွန်သော ICT Infrastructure များအသုံးပြု၍ e-Government လုပ်ငန်းစဉ်များအား အရှိန် အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန်နှင့် အစိုးရဌာနဆိုင်ရာ လုပ်ငန်းရပ်များအား online စနစ်အသုံးပြု၍ လုံခြုံမှုရှိစွာနှင့် လွယ်ကူလျှင်မြန်စွာဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ e-Government Data Center နှင့် e-Government Network Infrastructure အား ၂၀၀၆ ခုနှစ်တွင် တည်ဆောက်ခဲ့ပါသည်။ ထို Data Center တွင် အစိုးရအဖွဲ့အစည်းများနှင့် ၀န်ကြီးဌာနများအသီးသီးမှ အသုံးပြုနိုင်ရန် Common e-Government Application များဖြစ်သော အစိုးရရုံးလုပ်ငန်းစီမံခန့်ခွဲမှုစနစ် (Electronic Document Management System – EDMS) နှင့် ၀န်ထမ်းရေးရာ စီမံခန့်ခွဲမှုစနစ် (Government Personnel Management System – GPMS) များအား Server များ အသီးသီး တပ်ဆင်၍ ရေးသား ထည့်သွင်း ပေးခဲ့ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နည်းပညာဌာန e-Government ဌာနခွဲသည် အဆိုပါ Application များအား ၀န်ကြီးဌာနများအားလုံးမှ ကောင်းမွန်စွာ အသုံးပြုသွားနိုင်ရေးအတွက် နည်းပညာဆိုင်ရာ အကူအညီများ ပေး၍ တာဝန်ယူထိန်းသိမ်း ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် e-Government လုပ်ငန်းစဉ်များအား ဆက်လက်၍ အောင်မြင်စွာအကောင်ဖော်ဆောင်နိုင်ရေးအတွက် စီမံကိန်းများ ရေးဆွဲ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ
ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းများအားလုံး e-Government လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဖော်ပြပါ လုပ်ငန်းများဆောင်ရွက်၍ ၀န်ဆောင်မှုများ ပေးလျက်ရှိပါသည်။
(က) Data Center သို့ ချိတ်ဆက်အသုံးပြုရန်လိုအပ်သည့် Access Network များအားတည်ဆောက်၊ ချဲ့ထွင်၊ ပြုပြင်၊ ထိန်းသိမ်းခြင်း။(Network Development & Maintenance)
(ခ) Data Center ရှိ Server များနှင့်အခြားဆက်စပ်စက်ပစ္စည်းများ (Switch, Router, Firewall, UPS, Generator) အား ပြုပြင်ထိန်းသိမ်းခြင်း။ (Servers and Hardware Maintenance)
(ဂ) Server များရှိ ၀န်ကြီးဌာနများ၏ အချက်အလက်များ ကျိုးပေါက်မှုမရှိစေရန် လိုအပ်သော လုံခြုံရေးအစီအမံများ ဆောင်ရွက်ခြင်း။(Data Security)
(ဃ) ၀န်ကြီးဌာနများအားလုံးမှ အသုံးပြုလျက်ရှိသော GPMS နှင့် EDMS Application များ၊ System များ၊ Database များ၊ Software များအား ပုံမှန်လုပ်ငန်းဆောင်ရွက်နိုင်ရန် ပြုပြင်ထိန်းသိမ်းခြင်း။ (Software Maintenance)
(င) Application များ၊ System များ ပျက်ဆီးချို့ယွင်းပါက ပြန်လည်ပြုပြင်ရေးသားပေးခြင်းနှင့် ၀န်ကြီးဌာနများ၏ လိုအပ်ချက်နှင့်အညီ ပြုပြင်ရေးသားပေးခြင်း။ (Software Modification and Customization)
(စ) တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ်၊ နည်းပညာများနှင့် ကိုက်ညီမှုရှိစေရန် Application များ၊ System များအား အဆင့်မြှင့်တင်ခြင်း။ (Software Upgrading)
(ဆ) Database များ ပျက်ဆီးချို့ယွင်းပါက ပြန်လည်ပြုပြင်ရေးသားပေးခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၏ လိုအပ်ချက်နှင့်အညီ SQL Design များ ပြုပြင်ရေးသားပေးခြင်းနှင့် အဆင်မြှင့်တင်ခြင်း။ (Database Modification, Customization , Upgrading)
(ဇ) ၀န်ကြီးဌာနများ၏ Data များ ပုံမှန်သိမ်းဆည်းခြင်းနှင့် Data ဆုံးရှူံးမှုဖြစ်ပေါ်ပါက ပြန်လည်ရယူပေးခြင်း။ (Data Backup and Recovery)
(ဈ) ၀န်ကြီးဌာနများ၏ ချိတ်ဆက်အသုးံပြုမှုများ၊ Access, Authorization, Authentication System များအား စောင့်ကြပ်ကြည့်ရှုခြင်း။ (Monitoring and Control)
(ည) ၀န်ကြီးဌာနများအားလုံးမှ e-Government Application များအား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်နှင့် ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် ပုံမှန်နှင့် မွမ်းမံသင်တန်းများအား သင်ကြားပို့ချပေးခြင်း၊ Workshop, Seminor များကျင်းပပေးခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံလာသော အခက်အခဲများအား ကူညီဖြေရှင်း၍နည်းပညာအထောက်အပံ့ပေးခြင်း။ (Training and Help Desk)