အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ (Universal Service Fund, USF) ထူထောင်ခြင်းစည်းမျဉ်းကို ပြင်ဆင်သည့် စည်းမျဉ်း ထုတ်ပြန်ခြင်း

၁။      ဆက်သွယ်ရေးဥပဒေ အခန်း၁၅၊ ပုဒ်မ၅၄ အရ ပို့ဆောင်ရေးနှင့်ဆက်သွယ်‌ရေး ဝန်ကြီးဌာနသည် အများပြည်သူအကျိုးငှာ အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေး အစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေးဆိုင်ရာ ရန်ပုံငွေတစ်ရပ် ထူထောင်ထားရှိရန်နှင့် ကြီးကြပ်ရန်ဟူ၍ ဖော်ပြပါရှိပြီး အဆိုပါရန်ပုံငွေဖြင့် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်း အစီအစဉ် များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေပြီး စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရန်အတွက် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ (Universal Service Fund, USF) ထူထောင်ခြင်း စည်းမျဉ်းအား ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူကာ (၂၈--၂၀၁၈)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၁၈ ဖြင့် ပြည်ထောင်စု ဝန်ကြီးရုံးက အတည်ပြု ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၂။       သို့ရာတွင် နိုင်ငံတော်၏လိုအပ်ချက်အရ အများပြည်သူ အကျိုးငှာ အခြားသော ဆက် သွယ်ရေးဆိုင်ရာကဏ္ဍများအတွက်  အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေမှ သုံးစွဲရန်လိုအပ်လာသည့်အတွက် အဆိုပါစည်းမျဉ်း ပြင်ဆင်ခွင့်အတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်နှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီတို့၏ ခွင့်ပြုချက်ရရှိပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက် တင်ပြ ခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့ပါဖြင့် အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ  (Universal Service Fund, USF) ထူထောင်ခြင်းစည်းမျဉ်းကို ပြင်ဆင်သည့် စည်းမျဉ်း အား (၂၀--၂၀၂၀) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၀ (ပူးတွဲ) ဖြင့် ပြည်ထောင်စုဝန်ကြီးရုံး က ထုတ်ပြန်လိုက်ပါသည်။