(မြန်မာစံတော်ချိန် ၁၄း၅၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၄၁)မိနစ်၊ (၀၄)စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ မြောက်ဘက် (၉)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ပုဗ္ဗသီရိမြို့၏ အနောက်-အနောက်မြောက်ဘက် (၅)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၉.၉၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၂)ဒီဂရီ၊ အနက် (၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။