Microsoft Office Word 2010 Training နှင့် Web Design HTML5 & CSS3 Course သင်တန်းဖွင့်ပွဲအခမ်းအနား

၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းတွင် အခြေခံကွန်ပျူတာ အကြောင်းအရာများ သိရှိနိုင်ပြီး ရုံးစာရေးသားနည်း၊ အင်္ဂလိပ်၊ မြန်မာ စာစီစာရိုက်နည်းနှင့် ဇယား၊ ပုံ၊ ဂရပ်ဖ် အသုံးပြုနည်းများကို လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော Microsoft Office Word 2010 Training သင်တန်း နှင့် Web Design အခြေခံနည်းပညာများကို နားလည်၍ HTML5 နှင့် CSS3 Language ကို အသုံးပြု၍ Static Web Page များကို လက်တွေ့ရေးသားနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော Web Design HTML5 & CSS3 Course သင်တန်းများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် Microsoft 365 Team အသုံးပြု၍ Online Learning System ဖြင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကိုကျင်းပပြုလုပ်ကြောင်း သိရပါသည်။

       Microsoft Office Word 2010 Training သင်တန်းနှင့် Web Design HTML5 & CSS3 Course သင်တန်းများကို သင်တန်းကာလမှာ (၁၁--၂၀၂) ရက်နေ့မှ (၂၉--၂၀၂) ရက်နေ့အထိ (၁) ရက် သင်တန်းဖြစ်ပြီး Microsoft Office Word 2010 Training သင်တန်းတွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်း (၂၉) ခုမှ သင်တန်းသား (၄၅) ဦးနှင့် Web Design HTML5 & CSS3 Course သင်တန်း တွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၂၄) ခုမှ သင်တန်းသား (၄၂) ဦးဖြင့် စုစုပေါင်းသင်တန်းသား (၈၇) ဦး တက်ရောက်ကြောင်း သိရပါသည်။ သင်တန်းတွင်   အွန်လိုင်းသင်ကြားရေးစနစ်ကို အသုံးပြု၍ ဖွင့်လှစ်သင်ကြားသည့် ဖြစ်ကြောင်း သိရပါသည်။    

         သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး  သင်တန်းကျောင်း၊  ကျောင်းအုပ် ဒေါ်ခင်ဆွေဌေး က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

        သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။

ITCS သင်တန်းကျောင်း