မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၂၁:၄၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၁၉)မိနစ်၊ (၃၁) စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၅၁)မိုင်ခန့် အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (သံတွဲမြို့၏ အနောက်တောင်ဘက် (၁၄)မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၁၈.၂၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၂၆)ဒီဂရီ၊ အနက် (၂၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။