သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ ဒီဇင်ဘာ ၁၀

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ ဒီဇင်ဘာလ ၁၀ ရက်နေ့နံနက် ၀၈၃၀ နာရီတွင်မော်တော်ယာဥ်သင်တန်းဌာနခွဲကဖွင့်လှစ်သည့် Logistics & Supply Chain Management သင်တန်းအမှတ်စဥ် (၂/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုသင်တန်းဆင်းပွဲအခမ်းအနားတွင်ကျောင်း အုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။

ယင်းနောက် ဒေါက်တာ အောင်မျိုးကျော်(ညွှန်ကြားရေးမှူး၊သလရ)က သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ကျောင်းအုပ်ကြီးက သင်တန်းတွင်ဆုရရှိခဲ့ကြသူများကို ပထမ၊ဒုတိယ၊တတိယ ဆုတံဆိပ်များ ပေးအပ်ချီး​မြှင့်ခဲ့ပါသည်။

ထို့နောက် ကျောင်းအုပ်ကြီးသည် သင်တန်းဆင်း သင်တန်းသူ သင်တန်းသားများကို လိုက်လံနှုတ်ဆက်မှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း