(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်) –သုံးစွဲသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသော ဝန်ဆောင်မှုများကို ပေးအပ်ရန် အမြဲကြိုးစားလျက်ရှိသော MPT သည် ပြည်တွင်းမှ မည်သည့်ဖုန်းလိုင်းကိုမဆို စိတ်ကြိုက်ခေါ်ဆိုနိုင်ပြီး အသုံးမပြုဘဲ ကျန်ရှိသည့် ဖုန်းပြောမိနစ်များကို သယ်ဆောင် အသုံးပြုနိုင်သော “ကြိုက်ရာခေါ်” အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် (Auto-renewal) ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ နေ့စဉ်ဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှုများကို အထူးသုံးစွဲလိုသူများနှင့် ပြည်တွင်းဖုန်းခေါ်ဆိုမှုအားလုံးကို အသုံးပြုလိုသူများအတွက် ယခုကဲ့သို့ လွယ်ကူအဆင်ပြေစေမည့် ပက်ကေ့ချ်များကို ဆောင်ရွက်ပေးထားခြင်း ဖြစ်ပါသည်။
“ကြိုက်ရာခေါ်” Auto-renewal ပက်ကေ့ချ်များသည် လက်ရှိ “ကြိုက်ရာခေါ်” ပုံမှန် (Regular) ပက်ကေ့ချ်များကို ဝန်ဆောင်မှုစနစ် ထပ်တိုးဆောင်ရွက်ထားခြင်းဖြစ်ပြီး သုံးစွဲသူမှ အလိုအလျောက် ဝယ်ယူရန် အဆိုပြုထားပါက ပက်ကေ့ချ်၏ လက်ကျန် ဖုန်းပြောမိနစ် ၅ မိနစ် အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်း ကုန်ဆုံးချိန်တွင် အလိုအလျောက်သက်တမ်းတိုးသွားမည် ဖြစ်ပါသည်။
“Regular” နှင့် “Auto-renewal” ပက်ကေ့ချ် နှစ်မျိုးလုံးသည် တူညီသော ဖုန်းခေါ်ဆိုခွင့်မိနစ်များကို ခံစားနိုင်မည် ဖြစ်သော်လည်း Auto-renewal ပက်ကေ့ချ်များကို ဝယ်ယူသူများအတွက်မူ စျေးနှုန်းပိုမိုသက်သာစေမည် ဖြစ်သည်။ နိုင်ငံတစ်ဝန်းမှ MPT Prepaid (ဆွေသဟာ၊ ရှယ်ပြောနှင့် ရွှေစကား) ၊ Post-paid နှင့် Base tariff အစီအစဉ် သုံးစွဲသူများသည် “ကြိုက်ရာခေါ်” Auto-renewal ပက်ကေ့ချ်များကို အကြိမ်အရေအတွက် ကန့်သတ်ချက်မရှိ ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။
“ကြိုက်ရာခေါ်” Auto-renewal ပက်ကေ့ချ်များတွင် လက်ရှိ “ကြိုက်ရာခေါ်” Regular ပက်ကေ့ချ်များကဲ့သို့ပင် အသုံးမပြုဘဲ ကျန်ရှိသည့် ဖုန်းပြောမိနစ်များကို သယ်ဆောင် အသုံးပြုနိုင်သည့် စနစ်ပါဝင်ပြီး လက်ကျန်မိနစ် သယ်ဆောင်နိုင်သောကာလ (ပက်ကေ့ချ်၏ သက်တမ်းကုန်ဆုံးပြီး ၇ ရက်) အတွင်း ပက်ကေ့ချ်အသစ် ထပ်မံဝယ်ယူပါက မူလပက်ကေ့ချ်၏ လက်ကျန်မိနစ်များကို ပေါင်းစည်းအသုံးပြုနိုင်သည့်အပြင် အရှည်ဆုံး သက်တမ်းရှိသော ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်ပါသည်။
“ကြိုက်ရာခေါ်” Auto-renewal ပက်ကေ့ချ်များအား *997# သို့ ခေါ်ဆိုခြင်း (သို့) *106# သို့ ခေါ်ဆိုခြင်း (သို့) Call Center (သို့) MPT4U အက်ပလီကေးရှင်း (သို့) MPT Pay အက်ပလီကေးရှင်းတို့မှတစ်ဆင့် ဝယ်ယူနိုင်မည် ဖြစ်သည်။ “ကြိုက်ရာခေါ်” Auto-renewal ပက်ကေ့ချ်များ ဝယ်ယူသုံးစွဲသူများအနေဖြင့် ဝယ်ယူသည့် အကြိမ်တိုင်း အတွက် ထိပေါက်ကစားခွင့်ရရှိမည်ဖြစ်ပြီး MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် ထိပေါက်ဂိမ်း ကစားပြီး ၂၀၀ GB အထိ ဒေတာဆုများ ကံထူးရယူနိုင်မည် ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် မိမိကြိုက်နှစ်သက်သည့် ပက်ကေ့ချ် အမျိုးအစားပေါ်မူတည်၍ “ကြိုက်ရာခေါ်” Auto-renewal ပက်ကေ့ချ် အမျိုးအစား ၃ မျိုးကို အောက်ပါအတိုင်း ရွေးချယ်နိုင်ပါသည်။
Price (Inc. Tax) | Any-net Minutes | Validity | Subscription | Balance Check | ||
---|---|---|---|---|---|---|
Direct USSD | Common USSD | App | ||||
487 Ks | 38 min | 7 Days | To subscribe: *997*3*3# To un-subscribe: *997*3*4# | To subscribe: *997# To un-subscribe: *2122# | MPT4U App (or) MPT Pay | *224# |
977 Ks | 77 min | 15 Days | To subscribe: *997*1*3# To un-subscribe: *997*1*4# |
|||
1, 957 Ks | 155 min | 30 Days | To subscribe: *997*2*3# To un-subscribe: *997*2*4# |
MPT သုံးစွဲသူများသည် “ကြိုက်ရာခေါ်” ပက်ကေ့ချ်တွင် မည်သည့် ပြည်တွင်းဖုန်းလိုင်းကိုမဆို ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ရန်အတွက် ပက်ကေ့ချ်အမျိုးအစား ၂ မျိုးဖြစ်သော “ကြိုက်ရာခေါ်” Regular နှင့် အသစ်မိတ်ဆက်လိုက် သော “ကြိုက်ရာခေါ်” Auto-renewal ပက်ကေ့ချ်များမှ မိမိနှစ်သက်ရာပက်ကေ့ချ်ကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။ သုံးစွဲသူများသည် မူလဝယ်ယူထားသည့် ပက်ကေ့ချ်၏ အသုံးမပြုရသေးသော “ကြိုက်ရာခေါ်” မိနစ်များကို သယ်ဆောင်သွားနိုင်ရန်အတွက် သက်တမ်း ကုန်ဆုံးပြီး (၇) ရက် အတွင်း ပက်ကေ့ချ်အသစ် ထပ်မံဝယ်ယူရန် လိုအပ်ပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ “ကြိုက်ရာခေါ်” Auto-renewal ပက်ကေချ့်များအကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက် သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။