၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေပုဒ်မ(၂၁)၊(၂၂)နှင့်(၂၃) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အီလက်ထရောနစ်လိပ်စာ များဖြစ်သည့် Domain Name များနှင့်စပ်လျဉ်း၍ စိစစ်ကြီးကြပ်ခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများအား Domain Registry ဖြစ်သူ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ .mm Domain Name System ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
၂။ ယနေ့ဒစ်ဂျစ်တယ်နည်းပညာခေတ်တွင် စီးပွားရေးလုပ်ငန်းများ၊ အများပြည်သူသို့ ဝန်ဆောင်မှုပေးသည့်ကိစ္စရပ်များ၊ Online Payment လုပ်ငန်းများ ၊ e-Commerce လုပ်ငန်းစဉ်များအတွက် Website များ အသုံးပြု၍ Online မှတစ်ဆင့် ဝန်ဆောင်မှုပေးခြင်းများ များပြားလာသည့်အတွက် အများပြည်သူများအနေဖြင့် Website များ အသုံးပြုရာတွင် ပြည်တွင်းဒိုမိန်းများ အသုံးပြုခြင်းကြောင့် ရရှိလာနိုင်မည့်အကျိုးကျေးဇူးများ သိရှိနိုင်ရေးအတွက် “ ဒိုမိန်း(Domain Name)ဆိုင်ရာသိကောင်းစရာများ”ခေါင်းစဉ်ဖြင့် လက်ကမ်းစာစောင် ပြုစုထုတ်ဝေထားရှိသည့် အတွက် Download ရယူ၍ ဖတ်ရှု့နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။