MPT ၏ စိတ်လှုပ်ရှားဖွယ်ရာ ကံထူးဆုများဖြင့် GG Fest အတွေ့အကြုံကို ခံစားလိုက်ပါ

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်)- မြန်မာနိုင်ငံ၏ ဦးဆောင်ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် သုံးစွဲသူများ၏ဘဝကို ပိုမိုကောင်းမွန်စေရန် အဓိကထား ဆောင်ရွက်လျက်ရှိပြီး ယခုတစ်ကြိမ်တွင် ဂိမ်းချစ်သူများအတွက် GG Fest အတွေ့အကြုံကို ခံစားရန် စိတ်လှုပ်ရှားဖွယ်ရာ ကံစမ်းမဲအစီအစဉ်ကို ယူဆောင်လာပြီ ဖြစ်ပါသည်။ ယခုအစီအစဉ်တွင် သုံးစွဲသူများသည် ပရိုမိုးရှင်းကာလဖြစ်သည့် စက်တင်ဘာလ (၈) ရက်မှ အောက်တိုဘာလ (၂၇) ရက်အတွင်း MLBB Pro ပက်ကေ့ချ်များ နှင့် PUBG ပက်ကေ့ချ်ကို ဝယ်ယူရုံဖြင့် စိတ်လှုပ်ရှားဖွယ် ဆုများဖြစ်သည့် realme 11 Pro စမတ်ဖုန်း၊ GG Fest လက်မှတ် (GG Fest အော့ဖ်လိုင်း (Offline)  ပွဲအတွက် ဝင်ခွင့်လက်မှတ်) နှင့် 5GB ဒေတာပက်ကေ့ချ်များကို ကံထူးနိုင်မည် ဖြစ်ပါသည်။

ဤကံစမ်းမဲအစီအစဉ်အား MPT သုံးစွဲသူများအားလုံးအတွက် ဆောင်ရွက်ထားခြင်းဖြစ်ကာ သုံးစွဲသူတိုင်း ကံစမ်းနိုင်ရန် နှင့် စိတ်လှုပ်ရှားဖွယ်ရာ ဆုလက်ဆောင်များ ရယူခံစားနိုင်ရန် ဆောင်ရွက်ပေးထားခြင်း ဖြစ်ပြီး သုံးစွဲသူများသည် MLBB Pro ပက်ကေ့ချ်များ နှင့် PUBG Mobile ပက်ကေ့ချ်ကို ဝယ်ယူပြီး လွယ်ကူစွာ ပါဝင်နိုင်ပါသည်။ သုံးစွဲသူများသည် အဆိုပါ ပက်ကေ့ချ်များကို  https://mpt.com.mm/mm/mobilelegend-mm/ နှင့် https://mpt.com.mm/mm/pubg-mobile-pack-mm/ တို့တွင် ဝင်ရောက်ကြည့်ရှုပြီး ဝယ်ယူနိုင်ပါသည်။

MPT သုံးစွဲသူများအားလုံးသည် ယခုပရိုမိုးရှင်းကာလအတွင်း ကံထူးဆုလက်ဆောင်များကို အောက်ပါဇယား အတိုင်း ရရှိခံစားနိုင်ပါသည်။

ဆုလက်ဆောင်များအရေအတွက်
realme 11 Pro(၅) လုံး
GG Fest လက်မှတ် (GG Fest အော့ဖ်လိုင်း (Offline) ပွဲအတွက် ဝင်ခွင့်လက်မှတ်)(၂၄) စောင်
5 GB ဒေတာ ပက်ကေ့ချ် (၂၀) ခု

ကံထူးရှင်များကို ကျပန်းစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး လစဉ်လတိုင်းအတွက် ကံထူးရှင်များကို MPT Facebook Page၊ Website၊ Viber နှင့် Telegram တို့တွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။ GG Fest နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို MPT ၏ တရားဝင် ဝက်ဘ်ဆိုက်နှင့် GG Gaming & Entertainment (G3E) ၏ ဆိုရှယ်မီဒီယာများတွင် ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ  အရာရှိချုပ်ဖြစ်သူ Mr. Tetsunori NAGASHIMA က “အွန်လိုင်းဂိမ်းကစားခြင်းကနေ ကိစ္စရပ်များကိုဖြေရှင်းခြင်း၊ မဟာဗျူဟာကျကျ စဉ်းစားတွေးခေါ်နိုင်မှု စွမ်းရည်နဲ့ သိမြင်နိုင်မှု စွမ်းရည်တွေ တိုးတက်ကောင်းမွန်လာစေခြင်းစတဲ့ အကျိုးကျေးဇူး တွေကိုလည်း ရရှိနိုင်ပါတယ်။ ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ MPT အနေနဲ့ ကျွန်တော်တို့ သုံးစွဲသူတွေရဲ့ ဘဝတွေ ပိုမိုကောင်းမွန်စေဖို့အတွက် ရည်ရွယ်ထားပြီး သုံးစွဲသူတွေအတွက် စိတ်လှုပ်ရှားဖွယ် ဆုလက်ဆောင်တွေပါဝင်တဲ့ GG Fest အတွေ့အကြုံတွေကို  ပေးဆောင်လိုပါတယ်။  MPT ရဲ့ စိတ်လှုပ်ရှားဖွယ် ကံထူးဆုတွေနဲ့အတူ GG Fest ရဲ့ အတွေ့အကြုံကို ခံစားပြီး အံ့သြစရာကောင်းတဲ့ အခွင့်အရေးတွေကို လက်လွှတ်မခံပါနဲ့။” ဟု ပြောကြားခဲ့ပါသည်။

GG Fest 2023 သည် အွန်လိုင်းနှင့် အော့ဖ်လိုင်း (Offline) ပြိုင်ပွဲများ ရောနှောထားသော စိတ်လှုပ်ရှားဖွယ်ရာ ပြိုင်ပွဲတစ်ခုဖြစ်ပြီး စက်တင်ဘာလ (၁) ရက်မှ နိုဝင်ဘာလ (၅) ရက်အတွင်း ကျင်းပလျက်ရှိပါသည်။ MPT သည် ဂိမ်းကစားသူများ ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် အားကစားစွမ်းရည်ကို ပြသရန် အကောင်းဆုံး ပလက်ဖောင်းတစ်ခုအဖြစ် ပံ့ပိုးပေးမည့် GG Fest 2023 ကို Main Sponsor အဖြစ် ပံ့ပိုးကူညီထားပါသည်။

MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် ဆွဲဆောင်မှုရှိသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးအပ်ရန် အမြဲတစေ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ စစ်မှန်သော ပြည်တွင်းအော်ပရေတာ တစ်ခုဖြစ်သည့် MPT သည်  တန်ဖိုးရှိသော မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အဓိပ္ပာယ်ရှိသော အစီအစဉ်များကို ပံ့ပိုးပေးခြင်းဖြင့် သုံးစွဲသူများအတွက် အကောင်းဆုံးသောအရာများကို ပေးအပ်ရန် ကြိုးပမ်းလျက်ရှိသည်။ MPT နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို  MPT ၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။