MPTက မြန်မာလူငယ်များအတွက် တောက်ပသော အနာဂတ်ကို ဖော်ဆောင်မြှင့်တင်မှုနှင့်အတူ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ဂုဏ်ပြုကြိုဆို

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၁) ရက်)_ စစ်မှန်သော ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT သည် လူငယ်များအတွက် တောက်ပသောအနာဂတ်များ ဖန်တီးပေးနိုင်ရန် များပြားလှသည့် တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်းများကို စဥ်ဆက်မပြတ် ဦးတည်ဆောင်ရွက်ပေးလျက်ရှိပါသည်။ MPT အနေဖြင့် တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများကို အဓိကမဏ္ဍိုင်ကြီး သုံးရပ်ဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် စွန့်ဦးတီထွင်နှင့် စီးပွားရေးလုပ်ငန်းငယ်တို့တွင် ဆောင်ရွက်နေပြီး အဆိုပါ လုပ်ဆောင်မှုများမှတစ်ဆင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဓာနကျသော လူငယ်များ၏ ဖွံ့ဖြိုးရေးနှင့် အရည်အသွေး ပြည့်ဝရေးအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါသည်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ၂၀၂၃ခုနှစ်အတွက် ခေါင်းစဥ်မှာ “လူငယ်များအတွက်  ရေရှည် တည်တံ့သော စိမ်းလန်းသည့် ကမ္ဘာမြေတစ်ခုဆီသို့” ဖြစ်ပြီး စိမ်းလန်းစွမ်းရည်ပြည့်ဝသူ လူဦးရေပေါ်တွင် အဓိကထား တည်ဆောက်သည့် ကမ္ဘာတစ်ခုဆီသို့ အောင်မြင်စွာ ပြောင်းလဲသွားရန်ဖြစ်ပါသည်။ စိမ်းလန်းစွမ်းရည် ဆိုသည်မှာ- ရေရှည်တည်တံ့စိမ်းလန်းပြီး အရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်သည့် လူမှုအသိုက်အဝန်း တစ်ခုကို တည်ထောင်ရန်နှင့် ထိန်းသိမ်းရန် အဓိကကျသည့် စွမ်းရည်များဖြစ်သည့် “ဗဟုသုတများ၊ စွမ်းဆောင်ရည်များ၊ တန်ဖိုးများနှင့် စိတ်သဘောထားများ” ဖြစ်ပြီး အဆိုပါစွမ်းရည်များသည် အနာဂတ် အလုပ်အကိုင် အခွင့်အလမ်း များအတွက် အရေးကြီးသောအချက်များ ဖြစ်လာမည်ဖြစ်ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်း၏ ရည်မှန်းချက်ဖြစ်သည့် သိသာစွာပြောင်းလဲနေသော စီးပွားရေးဆိုင်ရာ အခွင့်အလမ်းအတွက် လူငယ်များ အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ပေးခြင်း၊ တိုးမြှင့်လိုအပ်လာသော စွမ်းဆောင်နိုင်ရည် လိုအပ်ချက်နှင့် ကွာဟချက်များကို ထုတ်ဖော်မှုပြုခြင်းနှင့်အတူ  MPT အနေဖြင့် ၎င်း၏ ပညာရေးဆိုင်ရာ အစီအစဥ်များတွင် နိုင်ငံတစ်ဝန်းလုံးရှိ လူငယ်များအားလုံး ပါဝင်နိုင်စေရေးကို သေချာအောင် လုပ်ဆောင်နေပြီး မတူကွဲပြားသည့် နောက်ခံအခြေအနေများရှိသူ လူငယ်များကို လုပ်ပိုင်ခွင့်ပေးခြင်းနှင့် ပညာရေး လမ်းကြောင်းတွင် တိုးတက်မှုရှိလာစေရန် ဦးစားပေးလုပ်ဆောင်နေကာ ဒီဂျစ်တယ်ခေတ်တွင် ၎င်းတို့၏ အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းများအတွက် မရှိမဖြစ် လိုအပ်သော ကျွမ်းကျင်မှုတို့ကို ပံ့ပိုးပေးခြင်းဖြင့် ဖြည့်ဆည်းမှု ပြုသွားရန် ရည်ရွယ်ပါသည်။

“ကျွန်တော်တို့အနေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်က လူငယ်တွေရဲ့ လက်ထဲမှာ ရှိတယ်လို့ ခိုင်ခိုင်မာမာယုံကြည်ပါတယ်။ ဒါကြောင့်လည်း လူငယ်တွေအတွက် အဓိကလိုအပ်တဲ့ အရည်အသွေးနဲ့ ဗဟုသုတတွေကို ဖြည့်ဆည်းပေးဖို့အတွက် အစဥ်အမြဲ ဆောင်ရွက်ခဲ့ပါတယ်။ ပညာရေးကဏ္ဍမှာ လူငယ်တွေအတွက် သင်ယူလေ့လာနိုင်မယ့် အခွင့်အလမ်းတွေကို အစဥ်တစိုက် ဖန်တီးပေးခဲ့ပြီး ဒီနှစ်မှာလည်း မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ KMD, Center for Vocational Training Ltd. Gty (CVT) နဲ့ စိုးစံ ဂျပန်ဘာသာစကား သင်တန်းတို့နဲ့အတူပူးပေါင်းပြီး CSR E-Learning အစီအစဥ်တစ်ခုကို ဂုဏ်ယူစွာနဲ့ စတင် မိတ်ဆက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွည်ချက်ကတော့ လူငယ်တွေရဲ့ ရည်ရွယ်ချက်နဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးဖို့ဖြစ်ပြီး  ဇူလိုင်လ(၂၈) ရက်နေ့ကဖွင့်လှစ်တဲ့ ပထမဆုံးအသုတ်မှာ ကျောင်းသားပေါင်း ၉၃၅ ယောက် တက်ရောက်လေ့လာနေပြီဖြစ်ပါတယ်။”

“အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အတွက် ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကြေညာချက်အရ လူငယ်တွေရဲ့ ၆၀ ရာခိုင်နှုန်းက အခြေခံကျတဲ့ ရင်းမြစ်တွေ လိုအပ်ချက်ကြောင့် ဒီဂျစ်တယ်အရည်အသွေးဆိုင်ရာ မပြည့်စုံမှုတွေ ရှိနေသေးပါတယ်။ ဒီကနေ့ခေတ် လူငယ်တွေအနေနဲ့ ဘဝမှာ ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ကြုံရသည်ဖြစ်စေ ကိုယ့်ရဲ့ ခံနိုင်ရည်စွမ်းအင်ကို မြှင့်တင်ပြီး ရရှိလာတဲ့ အခွင့်အရေးတွေကို အမိအရ အသုံးချကြဖို့ အဓိကထား တိုက်တွန်းလိုပါတယ်။”ဟု MPTJO ၏ အမှုဆောင်အရာရှိချုပ် ခါဇုဟိခို မာစုဒ က ပြောကြားခဲ့ပါသည်။

စစ်မှန်သော ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT အနေဖြင့် “အတူလက်တွဲ အမြဲရှိမည်”ဟူသည့် ကတိကဝတ်နှင့်အညီ မြန်မာလူငယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

လူငယ်များ၏ စွမ်းဆောင်ရည်ပြည့်ဝရေးနှင့် ပတ်သက်ပြီး MPT က ဆောင်ရွက်လျက်ရှိသည့်  တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများမှာ-

MPT CSR E-Learning Program- MPT CSR E-Learning Platform သည် နိုင်ငံတစ်ဝန်း ဖြန့်ကြက် ထားသည့် ကွန်ရက်ကို အသုံးပြု၍ တစ်နိုင်ငံလုံးရှိ ပညာလိုလားသူ လူငယ်များအနေနှင့် နည်းပညာ၊ ဘာသာစကားနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ယူလေ့လာနိုင်ရန် ဖန်တီးပေးထားပါသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်အတူ အွန်လိုင်းမှ သင်ယူလေ့လာမှုများသည် သာမာန်အခြေအနေသစ်အတွက် သင်ယူ လေ့လာမှုဆိုင်ရာ ပုံစံသစ်တစ်ခုဖြစ်လာပြီး မြန်မာပြည်ကိုရှေ့ဆက်လှမ်းချီရာတွင် အရေးပါသည့် အဆုံးမရှိသော ဗဟုသုတနှင့် အရည်အသွေးများကို မျိုးဆက်သစ်များအနေဖြင့် သင်ယူလေ့လာရာတွင် တွေ့ရှိရသည့် အခက်အခဲများကို ဖယ်ရှားစေမည်ဖြစ်စေပါသည်။ MPT အနေဖြင့် ယခုအစီအစဥ်သည် လူငယ်များအတွက် မီးပြတိုက်သဖွယ်ဖြစ်လာပြီး ဘဝအတွက် အထောက်အပံ့ဖြစ်စေမည့် အဓိကကျသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ယူလေ့လာနိုင်သည့် အစီအစဥ်တစ်ခုဖြစ်လာမည်ဟု ယုံကြည်ပါသည်။ MPT အနေဖြင့် အနာဂတ်တွင် သက်ဆိုင်ရာကဏ္ဍများမှ မိတ်ဖက်အဖွဲ့အစည်းများနှင့် ထပ်မံပူးပေါင်း၍ မြန်မာပြည်ရှိ လူငယ်များအတွက်  ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ကဏ္ဍများတွင် အကန့်အသတ်မဲ့ အခွင့်အရေးများ ယူဆောင်ပေးသွားမည်ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များကို https://rb.gy/5×145 လင့်ခ် တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ရွှေအိပ်မက်– ရွှေအိပ်မက်အစီအစဥ်ကို ၂၀၂၀ပြည့်နှစ်တွင်ဆောင်ရွက်ခဲ့ပြီး လူငယ်များ၏ အိပ်မက်များကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များကို https://rb.gy/xt7fb လင့်ခ် တွင်  ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဥ်– ၂၀၁၇ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး နည်းပညာကဏ္ဍမှ လူငယ်လုပ်ငန်းရှင်များကို လိုအပ်သည့်အရည်အချင်းများ လေ့ကျင့်သင်ကြားပေးရန်နှင့် မြန်မာပြည်သူလူထု၏ နေ့စဥ်လူနေမှုဘဝ ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်ပါသည်။

အသေးစိတ်အချက်အလက်များကို https://shorturl.at/brVW0 လင့်ခ် တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြန်မာ့ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက် MPT– မြန်မာလူငယ်ဘောလုံးအားကစားသမားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပိုမိုတောက်ပသောအနာဂတ်များကို ရရှိစေရန်အတွက် ၂၀၁၇ ခုနှစ်မှစတင်၍ ကူညီပံ့ပိုးပေးခဲ့ပါသည်။

အသေးစိတ်အချက်အလက်များကို https://shorturl.at/beB38 လင့်ခ် တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MasterChef All Stars Myanmar အစီအစဥ်- ၂၀၂၂ ခုနှစ် တွင် MPT အနေဖြင့် ကျွမ်းကျင်စားဖိုမှူး ဖြစ်လိုသည့် ဟင်းချက်ဝါသနာရှင်များ၏ အိပ်မက်ကို အကောင်အထည်ဖော်နိုင်သည့် အခွင့်အရေးတစ်ခုအနေဖြင့် ယခုအစီအစဥ်ကို ပံ့ပိုးပေးခဲ့ပါသည်။

အသေးစိတ်အချက်အလက်များကို https://shorturl.at/choqE လင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

The Voice Myanmar- မြန်မာပြည်ရှိ အရည်အချင်းရှိသော လူငယ်အဆိုတော်များ၏ အိပ်မက်ကို ပံ့ပိုးပေးသည့်အနေဖြင့် ယခုအစီအစဥ်အား ၂၀၁၇ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ ကူညီပံ့ပိုးပေးခဲ့ပါသည်။

အသေးစိတ်အချက်အလက်များကို https://shorturl.at/beqx2 လင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင် နိုင်ငံတစ်ဝန်းရှိ လူငယ်များ၏ အိပ်မက်များ အကောင်အထည်ပေါ်လာ စေရေးအတွက် လှိုက်လှဲစွာဆုတောင်းပေးလိုက်ပါသည်။ MPT အနေဖြင့် နိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယုံကြည်စိတ်ချရသော မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

MPT ၏ လူမှုအသိုက်အဝန်းအတွင်း တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်သည့် အချက်လက်များကို တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ကြည့်ရှုနိုင်ပြီး MPT၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး သိရှိလိုပါက 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။