ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းအင်ဂျင်နီယာဌာနခွဲမှ ၂၀၂၄ ခုနှစ်၊ ဧပြီအတွင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှုများ၊ အချက်အလက်များနှင့် မှတ်တမ်းဓါတ်ပုံများ

          ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊ လေ့ကျင့်ရေး ဌာနစုအနေဖြင့် လေ့ကျင့်သင်ကြားခြင်းနှင့် လက်မှတ်ထုတ်ပေးခြင်းဆိုင်ရာ ကွန်ဗင်းရှင်းနှင့် (STCW)အရ ရေကြောင်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာန၏ အသိအမှတ်ပြု သင်တန်းကျောင်းများမှ ဖွင့်လှစ်မည့်သင်တန်းများအားဦးစီးဌာန၏ လိုအပ်ချက်များနှင့် ကိုက်ညီမှု ရှိပါက Course Approval Certificate ထုတ်ပေးနိုင်ရန် သွားရောက် စစ်ဆေးခဲ့ပါသည်။  ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊ စာမေးပွဲဌာနစုအနေဖြင့် မြန်မာရေယာဉ်ဝန်ထမ်းများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရေကြောင်းအင်ဂျင်နီယာဘက်ဆိုင်ရာ ရေးဖြေစာမေးပွဲများအား ကျင်းပဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။

ရေကြောင်းအင်ဂျင်နီယာဘက်ဆိုင်ရာ အရာရှိ(နိုင်ငံခြားသွား)များ၏ ရေးဖြေစာမေးပွဲ မှတ်တမ်းဓါတ်ပုံ

ရေကြောင်းအင်ဂျင်နီယာဘက်ဆိုင်ရာ အရာရှိ(နိုင်ငံခြားသွား)များ၏ ရေးဖြေစာမေးပွဲ မှတ်တမ်းဓါတ်ပုံ

ရေကြောင်းအင်ဂျင်နီယာဌာနခွဲမှ Flag State Survey ဌာနစု၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ အချက်အလက်များနှင့် မှတ်တမ်းဓါတ်ပုံများ

ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊ Flag State Survey ဌာနစုမှ အောက်ဖော်ပြပါလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်-

(က)    ပြည်တွင်းရေကြောင်းသွားရေယာဉ်များအား ရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးခြင်းအားဆောင်ရွက်ခြင်း

(ခ)     ရေကြောင်းအင်ဂျင်နီယာဌာနခွဲမှ ပြည်တွင်းရေကြောင်းသွား နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ရေယာဉ်များအား စစ်ဆေးဆောင်ရွက်ခဲ့ပြီး ရေယာဉ်အန္တရာယ် ကင်းရှင်းကြောင်းလက်မှတ်များထုတ်ပေးခဲ့ပါသည်။

(ဂ)     ကမ်းရိုးတန်းသွားရေယာဉ်များအား သက်ဆိုင်ရာလက်မှတ်အမျိုးအစားအလိုက် စစ်ဆေးခဲ့ပြီး လက်မှတ်ထုတ်ပေးခြင်းများအားဆောင်ရွက်ခဲ့ပါသည်။

ရေယာဉ်စစ်ဆေးခဲ့သည့် မှတ်တမ်းဓါတ်ပုံများ

ရေယာဉ်စစ်ဆေးနေမှု