MPT က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုကို အလေးထားဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြု

(ရန်ကုန်၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည်အဖွဲ့အစည်းအတွင်းသာမက ဒေသခံအသိုက်အဝန်းနှင့် ပူးပေါင်းကာ အနာဂတ်မျိုးဆက်သစ်များအတွက် သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့လှုပ်ရှားမှု ဆောင်ပုဒ်အရ “ကျွန်ုပ်တို့မြေ၊ ကျွန်ုပ်တို့အနာဂတ်၊ ကျွန်ုပ်တို့ ထိန်းသိမ်းရမည့် မျိုးဆက်သစ် (Our land. Our future. We are #GenerationRestoration.)” ဖြစ်ပြီး  မြေလွှာပြန်လည်ကောင်းမွန်စေရေး၊သဲကန္တာရဖြစ်ထွန်းမှု နှင့် မိုးခေါင်ရေရှားမှုကို ကြံ့ကြံ့ခံနိုင်ရေး တို့ကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး MPT အနေဖြင့် အဆိုပါဆောင်ပုဒ်နှင့် လိုက်လျောညီထွေရှိသော လုပ်ဆောင်ချက်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။ MPT သည် သဘာဝပတ်ဝန်းကျင် ပိုမိုစိမ်းလန်းလာစေရန် နှင့် နိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်း၏ နေထိုင်မှုဘဝ အရည်အသွေးများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်း သစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်မှတစ်ဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ နေရာပေါင်း (၁၄) နေရာတွင်  သစ်ပင်ပေါင်း ၂,၀၀၀ ကျော်ကို စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင်လည်း သစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်ကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပါသည်။

ထို့အပြင် MPT သည် လုပ်ငန်းခွင်အတွင်း ရေရှည်တည်တံ့သော အလေ့အကျင့်ကောင်းများကို ဖန်တီးရန်အတွက် စွန့်ပစ်စက္ကူ နှင့် ပလတ်စတစ်တို့အား ပြန်လည်အသုံးပြုခြင်းကို အဓိကထားဆောင်ရွက်ထားသည့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု အစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ မေလတွင် ဆောင်ရွက်ခဲ့ပါသည်။ MPT သည် စွန့်ပစ်စက္ကူစီမံခန့်ခွဲမှု အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးရှိ  ရုံး (၅) ရုံးတွင်စတင်ခဲ့ကာ ယခုအခါတွင် ရုံး (၁၀) ရုံးသို့ ထပ်မံတိုးချဲ့ ဆောင်ရွက်နိုင်ခဲ့ပြီး စွန့်ပစ်ပလတ်စတစ် စီမံခန့်ခွဲမှုအစီအစဉ်ကိုလည်း ရန်ကုန်တိုင်းဒေသကြီးရှိ  ရုံး (၃) ရုံးတွင် စတင်ခဲ့ကာ ယခုအခါတွင် ရုံး (၅) ရုံးသို့ ထပ်မံတိုးချဲ့ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အစီအစဉ်သည် မြေလွှာပြန်လည်ကောင်းမွန်စေရေး၊သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေး နှင့် မိုးခေါင်ရေရှားမှုကို ကြံ့ကြံ့ခံနိုင်ရေးတို့ကို မြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး မြေဆီလွှာ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေခြင်း၊ မြေလွှာပျက်စီးခြင်းမှ ကာကွယ်ခြင်း၊ ရေအရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ခြင်းဖြင့် ပိုမိုရေရှည်တည်တံ့သော ပတ်ဝန်းကျင်ကို ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။

MPT သည် ၂၀၁၇ ခုနှစ်မှ စတင်၍ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်းသစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်ကို ဒေသခံ သဘာဝပတ်ဝန်းကျင် နှင့် လူမှုဆိုင်ရာအဖွဲ့အစည်းများ၊ စေတနာရှင်အဖွဲ့များ နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်အတူ တက်ကြွစွာ ပူးပေါင်း၍ သစ်ပင်ပေါင်း ၁၇,၀၀၀ ကျော် စိုက်ပျိုးခဲ့ပါသည်။ ထို့အပြင် ၂၀၂၀ ပြည့်နှစ်တွင် သုံးစွဲသူများ လွယ်ကူ အဆင်ပြေစေရေး နှင့် ကာဗွန်အသုံးပြုမှုကို လျှော့ချရန်အတွက် ဒီဂျစ်တယ် ငွေတောင်းခံလွှာ (E-invoice) စနစ် မိတ်ဆက်ခြင်းဖြင့် MPT ၏ လက်ရှိဆောင်ရွက်နေသော ကတိကဝတ်ကို   ထင်ဟပ်စေပါသည်။

MPT သည် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အစီအစဉ်ကို အကောင်အထည်ဖော်ပြီး လုပ်ငန်းဆောင်ရွက်မှုများတွင် သဘာဝ  ပတ်ဝန်းကျင် သဟဇာတဖြစ်မှုအလေ့အကျင့်များကို ပေါင်းစပ်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲမှု၊ လုပ်ငန်းခွင် ကျန်းမာရေး နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ဝတ္တရားများကို ဦးစားပေးဆောင်ရွက်လျက် ရှိသည့် အဖွဲ့အစည်းဖြစ်ကြောင်းပြသနေပါသည်။ အဆိုပါ ကြိုးပမ်းမှုများသည် ရေရှည်တည်တံ့ခိုင်မြဲမှု နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို လျှော့ချရန်အတွက်  ကမ္ဘာတစ်ဝန်းကြိုးပမ်းအား ထုတ်မှု များနှင့် အညီ  MPT အနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း အပြုသဘောဆောင်သော အပြောင်းအလဲများကို ဖော်ဆောင်ရာတွင် ရှေ့ ဆောင်အဖွဲ့အစည်းတစ်ခု အဖြစ် ရပ်တည်နေစေမည်ဖြစ်ပါသည်။

MPT အကြောင်းပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက် ကြည့်ရှုခြင်းဖြင့်လည်းကောင်း 106 Call Center သို့သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့်လည်းကောင်း၊ 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့်လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။