မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၈:၁၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၅၄)မိနစ်၊ (၁၄)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၇၁၅) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Nicobar Islands, India Region)၊ မြောက်လတ္တီတွဒ် (၈.၀၆)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၀.၄၆)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၆) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။