ရန်ကုန်တိုင်းဒေသကြီးအတွင်း နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း) နှင့် ခရိုင်ရုံး(မန္တလေးမြောက်ပိုင်း) တို့တွင် မော်တော်ယာဉ်သက်တမ်းတိုးယာဉ်စစ်ရက်ချိန်းရယူရန် လျှောက်ထားခြင်း (Online Booking System)

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

          (က)    သက်ဆိုင်ရာ ဒေသအတွင်း  မှတ်ပုံတင်ထားသည့် နှစ်လဲမော်တော်ယာဉ် များ၊

          (ခ)     မော်တော်ယာဉ်သက်တမ်းကုန်ဆုံးရက် မတိုင်မီ(၃)လ ကြိုယာဉ်များ ၊

          (ဂ)     မော်တော်ယာဉ်သက်တမ်း(၅)နှစ် ကျော်လွန်ခြင်းမရှိသည့်ယာဉ်များ၊

ဝန်ဆောင်ခ

မော်တော်ယာဉ်စစ်ဆေးခ

                   (၁)    ယာဉ်ငယ် -    ၅၀၀ဝိ/-(ကျပ်)

                   (၂)    ယာဉ်ကြီး  - ၁၀၀၀ဝိ/-(ကျပ်)

Online Booking ရယူရန်အတွက် ဝန်ဆောင်ခ မှာ အခမဲ့ ဖြစ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

 (က)   မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်၊

(ခ)     မော်တော်ယာဉ်သက်သေခံလက်မှတ်၊

(ဂ)     ယာဉ်စစ်ဆေးပြီးကြောင်းအထောက်အထား၊

(ဃ)    အမည်ပေါက်သူကိုယ်တိုင် −  နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ) (သို့မဟုတ်)

          အမည်ပေါက်သူကိုယ်တိုင်မလာရောက်နိုင်ပါက - အိမ်ထောင်စုစာရင်းတွင်ပါဝင်သည့် မိသားစုဝင်တစ်ဦးဦးမှ နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)၊ အမည်ပေါက်သူ၏ နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ) နှင့် အိမ်ထောင်စုစာရင်းမူရင်း၊

(င)     ကိုယ်စားလှယ် -  လာရောက်ဆောင်ရွက်သူ၏ နိုင်ငံသားစိစစ်ရေးကတ် (မူရင်း/မိတ္တူ)၊

လျှောက်ထားရန်အဆင့်များ

          အောက်ပါအချက်အလက်များကို Online Appointment Application Form တွင် ရွေးချယ်ဖြည့်စွက်ရန်-

          (က)    လုပ်ငန်းဆောင်ရွက်မည့်ရုံးအမည်၊

          (ခ)     လျှောက်ထားမှု၊(ပိုင်ရှင်ကိုယ်တိုင်/ကိုယ်စားလှယ်)

          (ဂ)     လာရောက်လုပ်ငန်းဆောင်ရွက်မည့်နေ့၊

          (ဃ)    လာရောက်လုပ်ငန်းဆောင်ရွက်မည့်အချိန်၊

          (င)     ယာဉ်အမှတ်၊

Online Booking ရယူရန်အတွက်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်သက်တမ်းတိုးယာဉ်စစ်ရက်ချိန်းရယူရန် လျှောက်လွှာပုံစံ နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း) နှင့် ခရိုင်ရုံး(မန္တလေးမြောက်ပိုင်း) တို့တွင် မော်တော်ယာဉ်သက်တမ်းတိုးယာဉ်စစ်ရက်ချိန်းရယူရန် လျှောက်လွှာပုံစံ  များတွင် ဖြည့်စွက်၍ Booking ရယူနိုင်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

ရန်ကုန်တိုင်းဒေသကြီး

(က)    ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သံသုမာလမ်း နှင့် မြင်သာလမ်းထောင့်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

(ခ )    တိုင်းဒေသကြီးရုံးခွဲ(ရွာသာကြီး)၊

(ဂ )    ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း)၊

(ဃ)    ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း)၊

(င )    ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)၊

(စ )    ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း)၊

မန္တလေးတိုင်းဒေသကြီး

 တိုင်းဒေသကြီးရုံး(မန္တလေး)၊သိပ္ပံလမ်း ၇၃နှင့်၇၈လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

Online Booking လျှောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက
ရန်ကုန်ရုံး 
ဖုန်း - 09 781 425 403,09 974885896, 09 254 513 042 
မန္တလေးရုံး 
ဖုန်း -024066169 များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Website လိပ်စာ

www.rtad.gov.mm

ဖြည့်စွက်ချက်

          (က)    ယာဉ်သက်တမ်းတိုးသည့်စီးရေ များပြားလာသဖြင့် ယာဉ်များစစ်ဆေးရန် အတွက် အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းရခြင်း၊

          (ခ)     ယာဉ်များတန်းစီရပ်နားထားသဖြင့် လမ်းများပေါ်တွင် ယာဉ်ကြောကြပ်တည်းခြင်း၊

          (ဂ)     အချိန်ကုန်၊ လူပင်ပန်း၊ စိတ်ပင်ပန်းခြင်း အဆိုပါအခက်အခဲများ လျော့နည်း သွားစေ ရန်အတွက် လူကိုယ်တိုင်လာရောက်ရန် မလိုအပ်သော (Online Booking System) ကိုပြောင်းလဲကျင့်သုံးခြင်းဖြစ်ပါသည်။