ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနေဖြင့် သင်္ဘောသား အလုပ်အကိုင် နေရာချထားသည့် ဝန်ဆောင်မှုလုပ်ငန်း (SRPS)ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကြီးကြပ်ခြင်း၊ မြန်မာသင်္ဘောသားများ နှင့်ရေယာဉ်ပိုင်ရှင်များအကြား အလုပ်ရှင်/အလုပ်သမား စာချုပ်စည်းကမ်းဆိုင်ရာ ကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်ခြင်း၊ သင်္ဘောသားမှတ်ပုံတင်နှင့် လုပ်သက်မှတ်တမ်းစာအုပ်(SIRB) နှင့် အထောက်အထားလက်မှတ်(SID)များထုတ်ပေးခြင်း၊ မြန်မာ သင်္ဘောသားများ၏ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရေးနှင့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ တည်ဆဲဥပဒေများနှင့်အညီ သင်္ဘောသားများ၏ ရပိုင်ခွင့်များ ကာကွယ်ပေးခြင်းကိစ္စများကို ဆောင်ရွက်ပေးလျှက်ရှိပါသည်။  SRPS ကုမ္ပဏီ(၁၉၅)ခုမှ လစဉ်နိုင်ငံခြားသင်္ဘောများပေါ်သို့ တာဝန်ထမ်းဆောင်ရန် မြန်မာသင်္ဘောသား (၃၀၀၀)ကျော်အား စေလွှတ်ပေးလျှက်ရှိပါသည်။ သက်တမ်းရှိ  SIRB စာအုပ် ကိုင်ဆောင်သူသင်္ဘောသား(၇၈၀၅၆)ဦး၊ အမျိုးသမီးသင်္ဘောသားလူသစ်(၅၃၈)ဦးရှိပြီး သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်သူ အမျိုးသမီး သင်္ဘောသား(၂၉၀)ဦးအပါအဝင် သင်္ဘောပေါ်တွင်တာဝန် ထမ်းဆောင်နေသူ စုစုပေါင်း Onboard လူဦးရေ(၃၀၂၄၈)ဦးရှိပါသည်။  သင်္ဘောသားများ၏ ရပိုင်ခွင့်၊ အလုပ်ခွင်အခြေအနေနှင့် အခွင့်အရေးများ ဆုံးရှုံးနစ်နာမှုမရှိစေရေး အတွက် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲ၊ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MSESF) မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)၊ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းတို့နှင့် ပုံမှန်နှစ်လတစ်ကြိမ် Tripartite အစည်းအဝေးများ ကျင်းပပြုလုပ်လျက်ရှိပါသည်။ SID Card အား ၁၆-၁၀-၂၀၂၃ ရက်နေ့မှစတင်ဆောင်ရွက်ပေးပြီး၊ ၁၂-၁-၂၀၂၄ ရက်နေ့မှစ၍ (၂၂၅၈)ကဒ်အား ထုတ်ပေးခဲ့ ပါသည်။

ထို့အပြင် ဌာနအနေဖြင့် ရေကြောင်းစီးပွားလုပ်ငန်းကဏ္ဍအတွက် လူမပါစင်းလုံးငှား (Bareboat Charter) စနစ်ဖြင့် လုပ်ငန်း ဆောင်ရွက်နိုင်ရန် ရေယာဉ် (၁၀) စီးအားယာယီမှတ်ပုံတင် (Provisional Certificate of Registry) ထုတ်ပေး ထားပြီး လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း Container ဖြင့်ကုန်စည်သယ်ဆောင်ခြင်းအတွက် ကုန်သေတ္တာ (ကုန်ပစ္စည်းများအပါအဝင်) စုစုပေါင်း အလေးချိန် (Verified Gross Mass) မှန်ကန်စေရေးကုန်တင်ပို့သူ (Shipper) များသို့ Approval Letter for Shipper Registration အသစ်လျှောက်ထားခြင်းအတွက် Method 1 ဖြင့် (၁) စောင်၊ Both Method ဖြင့်(၁)စောင်၊ သက်တမ်းတိုးလျှောက်ထားခြင်းအတွက် Method 1 ဖြင့် (၁) စောင်၊ Both Method ဖြင့်(၁)စောင် ထုတ်ပေးခဲ့ပါသည်။

ရေယာဉ်များမှတ်ပုံတင်ရာတွင်လည်းကောင်း၊ ရေယာဉ်အရောင်းအဝယ်ပြုလုပ်၍ ပိုင်ရှင် အမည်ပြောင်းလဲရာတွင်လည်းကောင်း၊ အခွန်ဆိုင်ရာ ကိစ္စရပ်များအတွက်ရေယာဉ် (၂၃) စီး၏ တန်ဖိုးစိစစ်တွက်ချက်ပေးခဲ့ပါသည်။