ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ အောက်တိုဘာလအထိ သက်ဆိုင်ရာကဏ္ဍ အလိုက် လုပ်ငန်းဆောင်ရွက်ခဲ့မှုများ

 

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ  အောက်တိုဘာလအထိ သက်ဆိုင်ရာကဏ္ဍ အလိုက် လုပ်ငန်းဆောင်ရွက်ခဲ့မှုများ

၁။   ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှအောက်ဖော်ပြပါလုပ်ငန်းများဆောင်ရွက် ပေးခဲ့ပါသည်-

(က)    SOLAS Convention အရ ထုတ်ပေးရမည့်လက်မှတ်များကို ဇန်နဝါရီလတွင် ၆ ကြိမ်၊ ဖေဖော်ဝါရီလတွင် ၁၉ ကြိမ်၊ မတ်လတွင် ၁၁ ကြိမ်၊ မေလတွင် ၁၇ ကြိမ်၊ ဇွန်လတွင် ၁၄ ကြိမ်၊ ဇူလိုင်လတွင် ၂၈ ကြိမ်၊ ဩဂုတ်လတွင် ၁၀ ကြိမ်၊ စက်တင်ဘာလတွင် ၁၃ ကြိမ်၊ အောက်တိုဘာလတွင် ၆ ကြိမ်၊ MLC လက်မှတ်ကို ဇန်နဝါရီလတွင် ၁ ကြိမ်၊ ဖေဖော်ဝါရီလတွင် ၁ ကြိမ်၊  Tonnage Convention အရ Tonnage Certificate အား ဇန်နဝါရီလတွင် ၁ ကြိမ်၊ ဖေဖော် ဝါရီလတွင် ၃ ကြိမ်၊ မေလတွင် ၁ ကြိမ်၊ ဇွန်လတွင် ၇ ကြိမ်၊ ဇူလိုင်လတွင် ၁ ကြိမ်၊ ဩဂုတ်လတွင် ၁ ကြိမ်၊ စက်တင်ဘာလတွင် () ကြိမ်၊ အောက်တိုဘာလတွင် ကြိမ်၊ International Convention Civil Liability for Banker Oil Pollution Damage အတွက် ဇန်နဝါရီလတွင် ၅ ကြိမ် ၊ အောက်တိုဘာလတွင် ၁ ကြိမ် ထုတ်ပေးခဲ့ပါသည်။

(ခ)     မြန်မာ့ကမ်းရိုးတန်းသွားရေယာဉ်များ၏ LSA လက်မှတ်အား ဇန်နဝါရီလတွင် ၂၀၈ ကြိမ် ၊ ဖေဖော်ဝါရီလတွင် ၂၈၈ ကြိမ် ၊ မတ်လတွင် ၄၁၀ ကြိမ် ၊ ဧပြီလတွင် ၁၃၆ ကြိမ်၊ မေလတွင် ၄၃၃ ကြိမ်၊ ဇွန်လတွင် ၆၇၁ ကြိမ်၊ ဇူလိုင်လတွင် ၅၃၁ ကြိမ်၊ ဩဂုတ်လတွင် ၃၃၀ ကြိမ်၊ စက်တင်ဘာလတင် ၃၂၅ ကြိမ် ၊ အောက်တိုဘာလတွင် ၃၄၉ ကြိမ်ထုတ်ပေးခဲ့ပါသည်။

(ဂ)     ရေယာဉ်မှူးအပြောင်းအလဲ (Change of Master Command) အား ဇန်နဝါရီလ တွင် ၁ ကြိမ်၊ ဖေဖော်ဝါရီလတွင် ၆ ကြိမ်၊ မတ်လတွင် ၂ ကြိမ်၊ ဇွန်လတွင် ၁ ကြိမ်၊ ဇူလိုင်လတွင် ၃ ကြိမ်၊ ဩဂုတ်လတွင် ၃ ကြိမ်နှင့် သင်္ဘောစာချုပ် ချုပ်ဆိုခြင်းကို ဇန်နဝါရီလတွင် ၂ ကြိမ် ၊ ဖေဖော်ဝါရီလတွင် ၁ ကြိမ် ၊ မတ်လတွင် ၁ ကြိမ် ၊ ဧပြီလ တွင် ၂ ကြိမ်၊ ဇွန်လတွင် ၂ ကြိမ်၊ ဩဂုတ်လတွင် ၁ ကြိမ်၊ စက်တင်ဘာလတွင် ၃ ကြိမ်၊ အောက်တိုဘာလတွင် ၁  ကြိမ် ဆောင်ရွက်ပေးခဲ့ပါသည်။

(ဃ)    မြန်မာ့ကမ်းရိုးတန်းသွား ရေယာဉ်မှတ်ပုံတင်လက်မှတ်ကို ဇန်နဝါရီလတွင် ၂ ကြိမ် ၊ မတ်လတွင် ၁၂ ကြိမ်၊ ဧပြီလတွင် ၂ ကြိမ်၊ မေလတွင် ၂ ကြိမ်၊ ဇွန်လတွင် ၄ ကြိမ်၊ ဇူလိုင်လတွင် ၄ ကြိမ်၊ ဩဂုတ်လတွင် ၇ ကြိမ်နှင့် ရေယာဉ်ပိုင်ရှင်ပြောင်းလဲခြင်းကို ဇန်နဝါရီလတွင် ၉ ကြိမ် ၊ ဖေဖော်ဝါရီလတွင် ၂ ကြိမ် ၊ မတ်လတွင် ၆ ကြိမ် ၊ ဧပြီလတွင် ၈ ကြိမ်၊ မေလတွင် ၇ ကြိမ်၊ ဇွန်လတွင် ၅ ကြိမ်၊ ဇူလိုင်လတွင် ၆ ကြိမ်၊ ဩဂုတ်လတွင် ၄ ကြိမ်၊ စက်တင်ဘာလတွင် ၈ ကြိမ်၊ အောက်တိုဘာလတွင် ၆ ကြိမ် ထုတ်ပေးခဲ့ပါသည်။

၂။ ထို့အပြင် ကိုဗစ်-၁၉ ဖြစ်ပွားသည့်ကာလအတွင်း မြန်မာ ရေယာဉ်ဝန်ထမ်းများ၏ အလုပ်အကိုင်အခွင့်အလမ်း မဆုံးရှုံးစေရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့် အညီ မြန်မာ့ကမ်းရိုးတန်းသွားရေယာဉ်မှူးအဆင့်(၂)(၁/၂၀၂၃) နှုတ်ဖြေစာမေးပွဲအား (၂၄-၁-၂၀ ၂၃)ရက်၊ အရာရှိ (နိုင်ငံခြားသွား) OOW(F.G) (၁/၂၀၂၃) ကျွမ်းကျင်မှုလက်မှတ်ဆိုင်ရာ နှုတ်ဖြေ စာမေးပွဲအား(၃၀-၁-၂၀၂၃)ရက်၊ မြန်မာ့ကမ်းရိုးတန်းသွားရေယာဉ်မှူးအဆင့်(၂)(၂/၂၀၂၃) နှုတ်ဖြေ စာမေးပွဲအား(၂၂-၃-၂၀၂၃)ရက်၊ ရေယာဉ်မှူး (နိုင်ငံခြားသွား) MASTER (F.G)/ပထမအရာရှိ (နိုင်ငံခြားသွား) CHIEF MATE(F.G)(၁/၂၀၂၃) နှုတ်ဖြေစာမေးပွဲအား (၂၄-၄-၂၀၂၃)ရက်၊ အရာရှိ (နိုင်ငံခြားသွား) OOW(F.G)(၂/၂၀၂၃) နှုတ်ဖြေစာမေးပွဲအား(၂၉-၅-၂၀၂၃) ၊ မြန်မာ့ကမ်းရိုးတန်း သွားရေယာဉ်မှူးအဆင့်(၂)(၃/၂၀၂၃) ကျွမ်းကျင်မှုလက်မှတ်ဆိုင်ရာ နှုတ်ဖြေစာမေးပွဲအား (၁၆-၆-၂၀၂၃)ရက်၊ ရေယာဉ်မှူး (နိုင်ငံခြားသွား) MASTER (F.G)/ပထမအရာရှိ(နိုင်ငံခြားသွား) CHIEF MATE(F.G)/ပထမအရာရှိ (အိမ်နီးချင်းသွား) CHIEF MATE (NCV) (၂/၂၀၂၃) (၇-၈-၂၀၂၃) ရက်၊ ကုန်းပတ်အရာရှိအဆင့် (၃) အရာရှိ (နိုင်ငံခြားသွား) OOW (၃/၂၀၂၃)  ကျွမ်းကျင်မှုလက်မှတ် ဆိုင်ရာ နှုတ်ဖြေစာမေးပွဲများအား(၂၈-၈-၂၀၂၃) ရက်တွင် ကျင်းပဆောင်ရွက်ပြီးဖြစ်ပါသည်။