ဆိပ်ကမ်းနယ်နိမိတ်အတွင်း သွားလာသောရေယာဉ်များ ကြပ်တည်းမှုမရှိစေရေး၊ စနစ်တကျသွားလာနိုင်ရေးနှင့် ရေကြောင်းအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် ဆိပ်ကမ်း နယ်နိမိတ်အတွင်း သွားလာခွင့်ပြုမိန့် (Permit to Ply) ကို စိစစ်ထုတ်ပေးရမည်၊ မည်သည့်ရေယာဉ်မဆို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပေးသည့် ဆိပ်ကမ်း နယ်နိမိတ်အတွင်းသွားလာခွင့်ပြုမိန့် (Permit to Ply) ရှိမှသာ ဆိပ်ကမ်းတွင်း သွားလာရမည်။
- လျှောက်ထားပုံ
- တွဲရေယာဉ်စက်မဲ့နှင့် ကမ်းရိုးတန်းသွား ရေယာဉ်
-ဦးစွာရေယာဉ်များ ဆိပ်ကမ်းနယ်နမိတ်အတွင်း သွားလာခွင့် ပြုမိန့်လျှောက်ထားသူသည်
-ယာယီခွင့်ပြုမိန့်လျှောက်ထားရန်လိုအပ်ပါသည်။
-ယာယီခွင့်ပြုမိန့်ပြည့်ပြီးမှသာလျှင် ဆိပ်ကမ်းနယ်နမိတ်အတွင်းသွားလာခွင့်ပြုမိန့်
(တစ်နှစ်)ထုတ်ပေးမည်၊
- မြင်းကောင်ရေ(၂၀)အောက် စက်ရှိရေယာဉ်
-ဦးစွာသက်ဆိုင်ရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှထုတ်ပေးသော ရေယာဉ်မှတ်ပုံတင်ရယူပြီးမှသာ ဆိပ်ကမ်းအတွင်းသွားလာခွင့်ပြုမိန့်ထုတ်ပေးမည်၊
- ဝန်ဆောင်ခ
-တွဲရေယာဉ်စက်မဲ့နှင့်ကမ်းရိုးတန်းသွားရေယာဉ် - ၈၅၀၀.၀၀ ကျပ်
-မြင်းကောင်ရေ(၂၀)အောက်စက်ရှိ(၁)တန်လျှင် - ၃၄.၀၀ ကျပ်
- လိုအပ်သော စာရွက်စာတမ်းများ
ပိုင်ရှင်နှင့်ကိုယ်စားလှယ်
-မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း မူရင်း/ မိတ္တူ - (၁) စုံ
-Passport ဓါတ်ပုံ - (၃) ပုံ
-ရေယာဉ်ဓါတ်ပုံ (ရှေ့၊ နောက်၊ဘေး(ဘယ်/ညာ)၊ နောက်) - (၄) ပုံ
-ရေယာဉ်တည်ဆောက်ပုံ (Drawing Plan) - (၁) ပုံ
-ကျင်းထောက်ခံစာ - (၁) စုံ
-မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း ကြီးကြပ်ရေး ဗဟိုအဖွဲ့မှ ထုတ်ပေးထားသည့် လုပ်ငန်း လိုင်စင် မိတ္တူ- (၁) စုံ
- ဝန်ဆောင်မှုပေးသည့် ဌာနအား ဆက်သွယ် ရမည့်လိပ်စာ
ရေကြောင်းဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)
အမှတ်(၁၀) ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
ဖုန်းနံပါတ် - 01 387911, 01 387177 (Ex: 241), 01 387116
- ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ
ရေကြောင်းဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)
အမှတ်(၁၀) ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
- ဝဘ်ဆိုက်လိပ်စာ