Published: 14 Sep, 2023



Last Date :
Description :

၁။             ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ပြေးဆွဲလျှက်ရှိသော အမှတ်(၃)အဆန်၊ (၄)အစုန် အမြန်ရထား(၂)စင်းတွင် စားသောက်တွဲဝန်ဆောင်မှုလုပ်ငန်း (၁.၁၀.၂၀၂၃ မှ  ၃၀.၉.၂၀၂၄ ထိ) (၁)နှစ် သက်တမ်းလုပ်ကိုင်ခွင့်ကို မြန်မာ့မီးရထားရုံးချုပ်၊ နေပြည်တော်ဘူတာ (ပထမ)ထပ်ရှိ စီးပွားရေးဌာန အစည်းအ​ဝေးခန်းမ၌ (၂-၉-၂၀၂၃)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ဈေးပြိုင်လေလံ စနစ်ဖြင့် (Open Tender) ခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။             မန်နေဂျာ(စီးပွားရေး/တိုင်း)၊ တိုင်းအမှတ်(၃)မန္တလေးနှင့် တိုင်းအမှတ်(၇)ရန်ကုန်ရုံး တို့တွင် တင်ဒါစည်းကမ်းချက်နှင့် တင်ဒါအဆိုပြုလွှာပုံစံများကို (၁)စုံလျှင် (၁၀,၀၀၀/-)ကျပ် နှုန်းဖြင့် (၁-၉-၂၀၂၃ မှ​ ၂-၉-၂၀၂၃ ထိ)ရုံးချိန်အတွင်း (ရုံးပိတ်ရက်များမပါ)ဝယ်ယူနိုင်ပါသည်။

၃။             အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မြန်မာ့မီးရထား(ရုံးချုပ်)၊ နေပြည်တော် ဘူတာ(ပထမ)ထပ်ရှိ စီးပွားရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ်(ဖုန်း၊ ၀၆၇-၇၇၀၄၈/ ၇၇၁၂၃/ ၇၇၁၆၃)သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

Download Details :
Download Detail
Department Under :