အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအမှတ်စဉ် (ITCS-၂၆/၂၇)-၂၀၂၅ (ဒုတိယအကြိမ်)

၁။      ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ (ဧပြီလမှမတ်လ)အထိ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် လိုအပ်သော အောက်ဖော်ပြပါလုပ်ငန်းများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူ/လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ပါ၍ တင်ဒါပေးသွင်းလိုသူ လုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါစျေးနှုန်းတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။        ဆောင်ရွက်မည့် လုပ်ငန်းများမှာ−

(က)

ITCS-၂၆/၂၀၂၅

Network Equipments များ ဝယ်ယူတပ်ဆင်ခြင်း (Turnkey)

(ခ)

ITCS-၂၇/၂၀၂၅

Firewall နှင့် Load Balancer များ ဝယ်ယူတပ်ဆင်ခြင်း (Turnkey)

တင်ဒါပုံစံ စတင်ရောင်းချမည့်ရက်    - ၃၁-၁၀-၂၀၂၅ ရက်နေ့မှ ၁၄-၁၁-၂၀၂၅ ရက်နေ့အထိ

တင်ဒါပုံစံ ရောင်းချမည့်နေရာ          - တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊

                                                     စီမံရေးရာနှင့်ထောက်ပံ့ဌာနခွဲ၊ ရုံးအမှတ် (၂)၊ နေပြည်တော်                                        

တင်ဒါတင်သွင်းရမည့်နေရာ             - တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

                                                     သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ စီမံရေးရာနှင့်ထောက်ပံ့ဌာနခွဲ၊

                                                     ရုံးအမှတ် (၂)၊ နေပြည်တော်

တင်ဒါနောက်ဆုံးတင်သွင်းရမည့်      - ၁၄-၁၁-၂၀၂၅ (သောကြာနေ့) ၊ (၁၃:၀၀) နာရီအထိ

နေ့ရက်နှင့်အချိန်

တင်ဒါစာရွက်စာတမ်းကြေး             - တင်ဒါအမှတ်စဉ် ၂၆၊ ၂၇ (၅၀,၀၀၀ ကျပ်)

၃။      အသေးစိတ်အချက်အလက်များကို သိရှိလိုပါက သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ စီမံရေးရာနှင့်ထောက်ပံ့ဌာနခွဲ၊ ရုံးအမှတ် (၂) ၊ နေပြည်တော်ဖုန်း ၀၆၇−၃၄၀၇၇၅၃ နှင့် ၀၆၇−၃၄၂၀၂၀၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

   

တင်ဒါကော်မတီ(ဆက်သွယ်ရေး)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ရုံးအမှတ်(၂)၊ နေပြည်တော်