လိုင်းနှုန်းစဉ်ဆိုင်ရာနည်းဥပဒေများ ထုတ်ပြန်

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၈၈၊ ပုဒ်မခွဲ(က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့် ကိုကျင့်သုံး၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤ လိုင်းနှုန်းစဉ်ဆိုင်ရာနည်းဥပဒေ များကို ၂၀၁၆ ခုနှစ်၊ မတ်လ ရ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၁၆) ဖြင့် ထုတ်ပြန်လိုက်ပါသည်။

အဆိုပါ လိုင်းနှုန်းစဉ်ဆိုင်ရာနည်းဥပဒေ တွင် အခန်း(၇) ခန်းပါဝင်ပြီး အခန်း(၁) တွင် အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်၊ အခန်း(၂) တွင် လှိုင်းနှုန်းစဉ်စီမံခန့်ခွဲခြင်း၊ အခန်း (၃) တွင် လှိုင်းနှုန်းခွင်အသုံးပြုခွင့်ဆိုင်ရာ အခြေခံအချက်များ၊ အခန်း(၄) တွင် ဆက်သွယ်ရေးလှိုင်းနှုန်းခွင် အသုံးပြုခွင့်၊ အခန်း (၅) တွင် လှိုင်းနှုန်းခွင်ကိုအကျိုးရှိထိရောက်စွာအသုံးပြုခြင်း၊ အခန်း (၆)တွင် စျေးကွက်ယှဉ်ပြိုင်မှုဆိုင်ရာ စည်းကမ်းချက်များ၊ အခန်း (၇)တွင် အကူးအပြောင်းကာလပြဋ္ဌာန်းချက်များ ပါဝင် ကြပါသည်။

လိုင်းနှုန်းစဉ်ဆိုင်ရာနည်းဥပဒေ များ အား သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ၏ Official Web Site ဖြစ်သော www.mcit.gov.mm ၏ အောက်ဖေါ်ပြပါ အင်တာနက် စာမျက်နှာတွင် ဝင်ရောက်ဖတ်ရှု လေ့လာ နိုင်ပြီး Download ရယူနိုင်ပြီဖြစ်ပါသည်။
http://www.mcit.gov.mm/law-and-regulation/telecoms