မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် လုပ်ငန်းစဉ်များ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အပ်နှင်းထားသော မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ လုပ်ဆောင်ချက်မှာ အရည်အသွေးပြည့်ဝသော ရေယာဉ်တည်ဆောက်မှုဗိသုကာများ၊ ရေကြောင်းအင်ဂျင်နီယာများ၊ ရေကြောင်း လျှပ်စစ်အင်ဂျင်နီယာများ၊ ဆိပ်ကမ်းအင်ဂျင်နီယာများ၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်း အင်ဂျင်နီယာများ၊ ရေကြောင်းစက်မှု အင်ဂျင်နီယာများနှင့် ရေကြောင်းအရာရှိ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးရန်ဖြစ်ပါသည်။ ထိရောက်မှုရှိသော ရေကြောင်းပညာရပ်များနှင့် လေ့ကျင့်မှုကိုရရှိစေရန် မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်သည် အပြည်ပြည်ဆိုင်ရာ ရေကြောင်းတက္ကသိုလ်များ၊ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) ၏ STCW 95 Convention ကို အခြေခံ၍ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးဇယားများကို ရေးဆွဲထားပါသည်။
ရည်မှန်းချက်များ
တက္ကသိုလ်၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) ရေကြောင်းပညာဖြင့်နိုင်ငံတော်ခေတ်မီဖွံ့ ဖြိုးမှုကို အထောက်အကူပြုနိုင်ရန်၊
( ခ) ကျင့်၀တ်သိက္ခာနှင့်ပြည့်စုံပြီး ကျွမ်းကျင်သောရေကြောင်းပညာရှင်များမွေးထုတ်ပေးနိုင်ရန်၊
( ဂ) ရေကြောင်းပညာဆိုင်ရာအသက်မွေး၀မ်းကျောင်းမှုကို အထောက်အကူပြုနိုင်မည့် သိပ္ပံနှင့်နည်းပညာတို့က သင်ကြားပေးနိုင်ရန်၊
(ဃ) ရေကြောင်းပညာရပ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးစေရေးအတွက် လိုအပ်သည့်သုတေသနလုပ်ငန်းများဆောင်ရွက်ရန်၊
( င) အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ်မှ ချမှတ်ထားသည့်ပြဌာန်းချက်များကို ရေကြောင်းပညာရှင်များ သိရှိနားလည် နိုင်စေရန်၊
( စ) ရေကြောင်းပညာရပ်များဖွံ့ ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့်သုတေသန လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊
ရည်ရွယ်ချက်များ
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ ရည်မှန်းချက်ပန်းတိုင်မှာ သိပ္ပံနည်းကျ လက်တွေ့ လေ့လာသော နည်းလမ်းများကို အသုံးပြုရန်
(က) နိုင်ငံအတွက် ကျယ်ပြန့်သော ရေကြောင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊
( ခ) အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဆက်အသွယ်အတွက် ထိရောက်သော ရေကြောင်းပညာရပ်များ လေ့ကျင့်ပေးမှုများ ထူထောင်ရန်၊
( ဂ) လက်တွေ့ကျွမ်းကျင်မှုနှင့် စီမံခန့်ခွဲမှု နည်းပညာရပ်များအကြား ရှင်းလင်းသော ဆက်သွယ်မှု၊ ဖွံ့ဖြိုးမှုကို ဆောင်ရွက်ရန်၊ ပြင်ဆင်ရန်၊
လုပ်ငန်းစဉ်များ
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ အပ်နှင်းမည့်ဘွဲ့များမှာ –
(၁) ရေယာဉ်တည်ဆောက်မှုအင်ဂျင်နီယာဘွဲ့
(၂) ရေကြောင်းအင်ဂျင်နီယာဘွဲ့
(၃) ရေကြောင်းစက်မှုအင်ဂျင်နီယာဘွဲ့
(၄) ဆိပ်ကမ်းအင်ဂျင်နီယာဘွဲ့
(၅) မြစ်ချောင်းနှင့်ကမ်းရိုးတန်းအင်ဂျင်နီယာဘွဲ့
(၆) ရေကြောင်းလျှပ်စစ်နှင့်အီလက်ထရောနစ်အင်ဂျင်နီယာဘွဲ့
(၇) သိပ္ပံဘွဲ့(ဂုဏ်ထူးတန်း)ရေကြောင်းသိပ္ပံ
(၈) သင်္ဘောလုပ်ငန်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ
(၉) ဆိပ်ကမ်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ
(၁၀) ထောက်ပံ့သယ်ယူပို့ဆောင်ရေးစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ
(၁၁) ထောက်ပံ့ပို့ဆောင်ရေးနှင့် လုပ်ငန်းကွန်ရက်ချိတ်ဆက်ရေးစီမံခန့်ခွဲမှုမဟာသိပွံဘွဲ့
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သည်ဘွဲ့ကြိုသင်တန်းများကို ၂၀၀၂ခုနှစ် သြဂုတ်လ (၁) ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ယခုအခါကျောင်းသား (၁၀၉၄) ဦး ပညာသင်ကြားလျက် ရှိပါသည်။ ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ၂၀၀၇ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့ မှစ၍ ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် ပထမနှစ် သင်တန်း ကျောင်းသား ဦးရေ (၃၁၀) ဦးရှိပြီး၊ ဒုတိယနှစ်တွင် (၁၇၇) ဦး၊ တတိယနှစ်သင်တန်းတွင် (၁၄၀) ဦး၊ စတုတ္ထနှစ် သင်တန်းတွင် (၁၈၁) ဦး၊ ပဉ္စမနှစ်သင်တန်းတွင် (၁၆၉) ဦးနှင့် ဘွဲ့လွန် ဒီပလိုမာသင်တန်းများတွင် စုစုပေါင်း ၁၁၇ ဦးတို့ ပညာသင်ကြားလျက် ရှိပါသည်။
အထူးပြုဘာသာရပ်အလိုက်ကျောင်းသားဦးရေမှာ -
- ရေယာဉ်တည်ဆောက်မှုဘာသာရပ်တွင် ၈၈ ဦး ၊
- ရေကြောင်းအင်ဂျင်နီယာဘာသာရပ်တွင် ၂၂၄ ဦး၊
- ရေကြောင်းစက်မှုအင်ဂျင်နီယာဘာသာရပ်တွင် ၄၇ ဦး၊
- ဆိပ်ကမ်းအင်ဂျင်နီယာဘာသာရပ် တွင် ၁၃၁ ဦး၊
- မြစ်ချောင်းနှင့်ကမ်းရိုးတန်းဘာသာရပ် ၄၁ ဦး၊
- ရေကြောင်းလျှပ်စစ်နှင့်အီလက်ထရောနစ်အင်ဂျင်နီယာဘာသာရပ်တွင် ၁၆၃ ဦးနှင့်
- ရေကြောင်းသိပ္ပံ ဘာသာရပ်တွင် ၂၈၃ ဦး တို့ရှိပါသည်။
ဒီပလိုမာနှင့်မဟာဘွဲ့သင်တန်း သင်တန်းသားများအနေဖြင့် -
- သင်္ဘောလုပ်ငန်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းတွင် သင်တန်းသား (၁၉ ) ဦး၊
- ဆိပ်ကမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်း တွင် ( ၉ ) ဦး၊
- ထောက်ပံ့သယ်ယူပို့ဆောင်ရေးစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ သင်တန်းတွင် ( ၃၈ ) ဦး
- ထောက်ပံ့ပို့ဆောင်ရေးနှင့် လုပ်ငန်းကွန်ရက်ချိတ်ဆက်ရေးစီမံခန့်ခွဲမှုမဟာသိပွံဘွဲ့ သင်တန်းတွင် ( ၅၁ ) ဦး ရှိပါသည်။
မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်မှအပ်နှင်းမည့် ဘွဲ့နှင့် သင်တန်းကာလမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ဘွဲ့အမည် |
ပညာသင်နှစ် |
- ရေယာဉ်တည်ဆောက်မှုအင်ဂျင်နီယာဘွဲ့ |
၅နှစ် |
- ရေကြောင်းအင်ဂျင်နီယာဘွဲ့ |
၅နှစ် |
- ရေကြောင်းစက်မှုအင်ဂျင်နီယာဘွဲ့ |
၅နှစ် |
- ဆိပ်ကမ်းအင်ဂျင်နီယာဘွဲ့ |
၅နှစ် |
- မြစ်ချောင်းနှင့်ကမ်းရိုးတန်းအင်ဂျင်နီယာဘွဲ့ |
၅ နှစ် |
- ရေကြောင်းလျှပ်စစ်နှင့်အီလက်ထရောနစ်အင်ဂျင်နီယာဘွဲ့ |
၅ နှစ် |
- သိပ္ပံ (ဂုဏ်ထူး) ရေကြောင်းသိပ္ပံ |
၅ နှစ် |
- သင်္ဘောလုပ်ငန်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ |
၁ နှစ် |
- ဆိပ်ကမ်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ |
၁ နှစ် |
-ထောက်ပံ့သယ်ယူပို့ဆောင်ရေးစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ |
၁ နှစ် |
- ဆိပ်ကမ်းအင်ဂျင်နီယာမဟာဘွဲ့ |
၂ နှစ် |
- မြစ်ချောင်းနှင့်ကမ်းရိုးတန်းအင်ဂျင်နီယာမဟာဘွဲ့ |
၂ နှစ် |
- ရေယာဉ်တည်ဆောက်မှုအင်ဂျင်နီယာမဟာဘွဲ့ |
၂ နှစ် |
- ထောက်ပံ့ပို့ဆောင်ရေးနှင့် လုပ်ငန်းကွန်ရက်ချိတ်ဆက်ရေး စီမံခန့်ခွဲမှုမဟာသိပွံဘွဲ့ | ၂ နှစ် |
ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်
(က) တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူနှင့် ၎င်း၏မိဘ (၂) လုံးစလုံးသည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (နိုင်) ၊ (ပြု) ၊ (ဧည့်) ကိုင်ဆောင်ထားသူဖြစ်ရမည်။
( ခ ) ဝင်ခွင့်ရရှိသူများသည် ကျန်းမားရေး စစ်ဆေးမှု ခံယူရမည်ဖြစ်ပြီြး ကျန်းမာရေး (က) အဆင့်ရှိရမည်။
( ဂ ) အမျိုးသမီးများသည် Marine Engineering ၊ Marine Electrical Systems & Electronics Engineering နှင့် Nautical Science ဘာသာရပ်များမှလွဲ၍ အခြားဘာသာရပ်များကို လျှောက်ထားခွင့်ရှိသည်။
(ဃ) Marine Engineering ၊ Marine Electrical Systems & Electronics Engineering နှင့် Nautical Science ဘာသာရပ်လျှောက်ထားသူများသည် သင်တန်းတက်ရောက်ခွင့်မပြုမီ မှန်ကန်စွာ အရောင်ခွဲခြားနိုင်မှုစွမ်းရည်ရှိရမည်။ Nautical Science ဘာသာရပ်အတွက် မျက်မှန်တပ်ဆင်သူများ လျှောက်ထားခွင့်မရှိ။
ဘွဲ့ဆိုင်ရာအညွှန်းများ
B.E. ( NA ) အင်ဂျင်နီယာဘွဲ့(ရေယာဉ်တည်ဆောက်မှု)
Bachelor of Engineering ( Naval Architecture )
B.E. ( ME ) အင်ဂျင်နီယာဘွဲ့ ( ရေကြောင်းအင်ဂျင်နီယာ )
Bachelor of Engineering ( Marine Engineering )
B.E. ( PH ) အင်ဂျင်နီယာဘွဲ့ ( ဆိပ်ကမ်းအင်ဂျင်နီယာ)
Bachelor of Engineering ( Port and Harbour Engineering )
B.E. ( RC ) အင်ဂျင်နီယာဘွဲ့ ( မြစ်ချောင်းနှင့်ကမ်းရိုးတန်းအင်ဂျင်နီယာ )
Bachelor of Engineering( River and Coastal Engineering )
B.E. ( MESE ) အင်ဂျင်နီယာဘွဲ့ (ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ်အင်ဂျင်နီယာ)
Bachelor of Engineering ( Marine Electrical Systems & Electronics Engineering )
B.E. ( MM ) အင်ဂျင်နီယာဘွဲ့ ( ရေကြောင်းစက်မှုအင်ဂျင်နီယာ)
Bachelor of Engineering ( Marine Mechanical Engineering )
B.Sc.(Hons;)(NS) သိပ္ပံဂုဏ်ထူးဘွဲ့ ( ရေကြောင်းသိပ္ပံ )
Bachelor of Science (Honours)( Nautical Science )
အထက်ဖော်ပြပါ အင်ဂျင်နီယာဘွဲ့သင်တန်းနှင့် သိပ္ပံ (ဂုဏ်ထူး) ဘွဲ့သင်တန်း အားလုံးအတွက် ပညာသင်ကာလ (၅) နှစ် တက်ရောက်ရမည်ဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်ပေါ်မူတည်၍ အထူးပြုဘာသာရပ်များကို လိုင်းခွဲသွားမည် ဖြစ်ပါသည်။
(င) တက္ကသိုလ်ဝင်စာမေးပွဲတွင် အောက်ဖော်ပြပါ ဘာသာတွဲများဖြင့် အောင်မြင် သူများသာ လျှောက်ထားခွင့် ရှိပါသည်-
(၁) STEAM 1 (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒ၊ ဇီဝဗေဒ)
(၂) STEAM 2 (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒ၊ ဘောဂဗေဒ)
(စ) လူတွေ့စစ်ဆေးခြင်းခံရမည်။
(ဆ) ပညာသင်ကာလအတွင်း Workshop Skill ရရှိရေးအတွက် မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး တက္ကသိုလ်ပြင်ပ၌ တက်ရောက်ရမည့် အခြားသင်တန်းများကိုလည်း မိမိအစီအစဉ်ဖြင့် တက်ရောက်ရမည်ဖြစ်ပါသည်။ ပင်လယ်ပြင်လုပ်သက် ( ၁ ) နှစ်ရရှိရေးအတွက်လည်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါသည်။