ကုန်းလမ်းပို့ဆောင်ရေး

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး၌ ၆.၄.၂၀၂၁ ရက်နေ့တွင် လက်ထောက်မန်နေဂျာ၊ လက်ထောက်မန်နေဂျာ(စာရင်း)နှင့် လက်ထောက်အင်ဂျင်နီယာသို့ ရာထူးတိုးမြှင့်ခန့်ထားရေး အရည်အချင်းစစ်ရေးဖြေနှင့် လူတွေ့စစ်ဆေးခြင်း ကျင်းပပြုလုပ်ခဲ့ပါသည်။