(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်) –
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ကြိုးမဲ့စနစ်သုံး (Fixed Wireless) တယ်လီဖုန်းများဖြင့် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။
နယ်မြေ | အိတ်ချိန်း | Migration စတင်ပြုလုပ်မည့် ရက်စွဲ | လက်ရှိအသုံးပြု နေသော ဖုန်းနံပါတ် | အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ် |
---|---|---|---|---|
စစ်ကိုင်းတိုင်းဒေသကြီး | မော်လိုက် အိတ်ချိန်း | ၀၄-၀၈-၂၀၂၃ | ၀၇၃-၄၂xxx | ၀၇၃-၄၇၄၂xxx |
ရှမ်းပြည်နယ် (မြောက်ပိုင်း) | မိုင်းတင်း အိတ်ချိန်း | ၁၇-၀၈-၂၀၂၃ | ၀၈၂-၄၇xxx | ၀၈၂-၄၆၄၇xxx |
စစ်ကိုင်းတိုင်းဒေသကြီး | ခန္တီး အိတ်ချိန်း | ၂၁-၀၈-၂၀၂၃ | ၀၇၃-၂၄၈xxx | ၀၇၃-၄၇၄၈xxx |
နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။