ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာမုံခွန်းဝိစစ်စတန် (H.E Mr. Mongkol Visistump) အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး  မစ္စတာမုံခွန်းဝိစစ်စတန်အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅) တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား လေကြောင်းပျံသန်းမှု၊ ရထား ပို့ဆောင်ရေးလုပ်ငန်းဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍ  ပူးပေါင်းဆောင်ရွက်မှုများနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ခင်မင်ရင်းနှီးစွာ နှစ်ဘက်အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန