၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ခေါ်ယူထားသော လစာနှုန်းကျပ် ( ၁၈၀၀၀ဝိ -၂၀၀ဝိ - ၁၉၀၀၀ဝိ ) ဒု-ဦးစီးမှူးနှင့် စာရင်းကိုင်-၂ ရာထူး နေရာများ အတွက် ရေးဖြေစာမေးပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါ၍ လာရောက် ဖြေဆိုနိုင်ရန် အကြောင်းကြားပါသည်-
(က) ကျင်းပမည့်နေ့ ၁၅-၈-၂၀၁၇ (အင်္ဂါနေ့)
( ခ) အချိန် နံနက်(၈)နာရီမှ ညနေ(၄)နာရီအထိ
( ဂ) ဘာသာရပ် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ
(ဃ) ကျင်းပမည့်နေရာ အ.ထ.က(ခွဲ)၊ အောင်သုခ
ပုဗ္ဗသီရိမြို့နယ်၊နေပြည်တော်
(ဒက္ခိဏခရိုင်တရားရုံးမျက်နှာချင်းဆိုင်)
၂။ အောက်ပါ စာရွက်စာတမ်းများ ယူဆောင်လာရမည်ဖြစ်သည်-
(က) နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်း
( ခ) လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြထားသည့်စာရွက်စာတမ်းများ(မူရင်း)
၃။ အထက်ဖော်ပြပါ အထောက်အထားစာရွက်စာတမ်းများ ယူဆောင်လာရန် ပျက်ကွက်ပါက စာမေးပွဲ ဝင်ရောက်ဖြေဆို ခွင့်ပြုမည် မဟုတ်ပါ။
၄။ စာမေးပွဲဖြေဆိုသူများသည် စာဖြေဌာန ( အ.ထ.က(ခွဲ) ၊ အောင်သုခ) သို့ ၁၅-၈-၂၀၁၇ ရက်နေ့ နံနက် ( ၇ ) နာရီ ထက်နောက်မကျစေဘဲ သတင်းပို့ရမည်ဖြစ်သည်။
၅။ စာမေးပွဲဖြေဆိုခွင့်ရရှိသူများ၏ခုံနံပါတ်များအား ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ်(၂) နေပြည်တော် ၌ ( ၁၁-၈-၂၀၁၇ ) ရက်နေ့တွင် ထုတ်ပြန် ကြေညာထားမည်ဖြစ်၍ လူကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းအမှတ်- ၀၆၇ - ၄၀၇၂၅၀ သို့ လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။